Part - 5

1.1K 59 0
                                    

#Unicode

"ကျုပ်ရောဂါကို ဆက်ကုပေးဖို့အချိန်ရောက်ပြီ ဒေါက်တာကင်မ်"

ထယ်ယောင်းကြောက်ဒူးတုန်နေတုန်းမှာပင် ကြားလိုက်ရသည့်အသံကြောင့် ရုတ်တရက်ကြောင်အ
သွားကာ ဆက်ကနဲမော့ကြည့်လိုက်သည်။

သို့သော်မြင်တွေ့လိုက်ရသည့်ဆံဝါကောင်ကြောင့် ဒေါသထွက်ကာ

"ဆံဝါကောင်! ဘာလာလုပ်ပြန်တာလဲ မင်း"

ထယ်ယောင်း၏ ရုတ်တရတ်အော်သံကြောင့် သူနာပြုယွန်းနှင့်
ဟေ၀န်းအပါအ၀င် ဆေးရုံအုပ်အသစ်အား လာရောက်ကြိုဆိုကြသော ဆရာ၀န်များအားလုံး ကြောင်အသွား
လေသည်။

"ဒေါက်တာကင်မ်က ရူးသွားတာလား ဆေးရုံအုပ်ကို ပြောဆို
နေလိုက်တာ"

"အေးလေ ဒီလောက်ချောတဲ့ ဥပတိရုပ်ကို ဆံဝါကောင်တဲ့"

ထယ်ယောင်း ဆံဝါကောင်အား အမှတ်မထင် တွေ့လိုက်ရသည်
ကြောင့် သတိလက်လွတ် အော်လိုက်မိပြီး မိမိရှေ့ မှထိုဆံဝါကောင်
အား ကြောင်၍ပင်ကြည့်နေမိသည်။

ထယ်ယောင်းနည်းတူ ဆံဝါကောင်ဟာလည်း မိမိအား ပြုံး၍ကြည့်
နေလေသည်။ထယ်ယောင်း၏အပြုအမူကြောင့် ဘေးဘက်ရှိ
ဟေ၀န်းနှင့် သူနာပြုယွန်းဟာ ထယ်ယောင်းအား တံတောင်ဖြင့်
တွတ်ကာ ဟန့်လို့လာသည်။

ထို့နောက် တစ်ယောက်တစ်ပေါက်ထွက်လာသော
ဆရာ၀န်များ၏ခပ်တိုးတိုးအသံကြောင့်ထယ်ယောင်း ဆံဝါကောင်ထံမှ အကြည့်လွှဲကာ ခေါင်းအား မြေကြီးထဲ ၀င်မတတ်
ငုံ့လို့ထားသည်။

"ကျစ်!"

ဒီယန် မိမိရှေ့မှဒေါက်တာအလှလေးအား သဘောတကျပြုံးကာ
ကြည့်နေစဉ် အနောက်ဘက်မှ ဆရာ၀န်များ၏ ခပ်တိုးတိုး ဝေ
ဖန်သံကြောင့် စုတ်တစ်ချက် သတ်ကာ နောက်သို့လှည့်လိုက်သည်။

"အဲ့ဒီ့ပါးစပ်ပေါက်တွေမပိတ်ကြသေးဘူးလား!"

"ကိုယ်တာ၀န်ကျတဲ့ အဆောင်ကိုယ်သွားကြတော့"

ဒီယန် ‌ဘယ်ကနေဘယ်လိုဒေါသထွက်သွားသည် မသိ။
ဒေါက်တာအလှလေးအား တီးတိုးပြောဆိုနေသည့် စကားများအား
ကြားကာ ရုတ်တရတ်ထဟောက်မိသည်။

First Love of RodiumWhere stories live. Discover now