#Unicode
"တွေ့ရတာဝမ်းသာပါတယ် ဒေါက်တာကင်မ်ထယ်ယောင်း"
ရှေ့တည့်တည့်မှ ကြည့်ကာ ထယ်ယောင်းအား
ခပ်ဝဲဝဲနှုတ်ဆက်လာသည့်ထိုလူ။အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း နက်မှောင်နေသော မျက်ခုံးခပ်ထူထူ ရှည်သွယ်သွယ် ဗွီရှိတ်မျက်နှာအချိုးအစားနဲ့ ထိုလူဟာ ထယ်ယောင်းထက် အသက်ငယ်ပုံပေါက်ကာ ကိုရီးယားလူမျိုးမဖြစ်နိုင်။ထိုလူက ထယ်ယောင်းကိုသိသည်လား။"စိတ်တော့မရှိပါနဲ့ ခဗျားကိုကျနော်မသိဘူး"
ထယ်ယောင်းအားနာနာနဲ့မေးလိုက်တော့
"အာ ဟုတ်တာပေါ့ မိတ်ဆက်ဖို့လောသွားတယ် sorryပါဗျာ"
"ရပါတယ်"
"ကျနော့်နာမည် ဂျော့ပါ "
"ကျနော့်အဖေရဲ့VIPဒေါက်တာအဖြစ်
ဒီကဒေါက်တာကင်မ်ထယ်ယောင်းကို ကမ်းလှမ်းချင်လို့"ထယ်ယောင်းပြောလိုက်တော့ ဂျော့ဆိုတဲ့ထိုလူဟာ
လက်တစ်ဖက်ကမ်းလို့လာပြီးထယ်ယောင်းအားပြောလာသည်။"ဒါတော့မဖြစ်နိုင်ဘူးထင်တယ်ဗျ ခဗျားကိုကျနော်မသိဘူး နောက်ပြီး ဒီဆိုင်ကလည်း အကိုတယောက်ထဲနဲ့မဖြစ်လို့ပါ"
ရှေ့တည့်တည်မှထိုလူအားကြည့်ကာ ထယ်ယောင်းငြင်းလိုက်သည်။ အခုမှသိတဲ့လူတယောက်အား ထယ်ယောင်းမယုံကြည်နိုင်။အကို ယောင်းဆွန်းတစ်ယောက်ထဲနှင့်လည်း ထိုဆိုင်ဟာ အဆင်ပြေမည်မဟုတ်။ နောက်ပြီး ဒီယန်ကလည်းကြိုက်မည်မထင်။ အကိုယောင်းဆွန်းနဲ့တောင် ဒင်းကစိတ်ချသည်မဟုတ် ။
"ယတိပြတ်ကြီးတော့မငြင်းလိုက်ပါနဲ့ဗျာ သေချာစဥ်းစားကြည့်ပေးပါဦး .
"ကောင်းပါပြီ ကျနော်စဥ်းစားကြည့်ပေးပါ့မယ်"
ထယ်ယောင်းအားထပ်မံပြောလာသည့် ထိုလူကြောင့်ထယ်ယောင်းစိတ်ရှုပ်နေပြီဖြစ်သည်။ လက်မခံချင်တာကြောင့်အကြောင်းအမျိုးမျိုးပြကာ ငြင်းနေပါသော်လည်း ထိုလူဟာ ဇွဲမလျှော့။ ထယ်ယောင်းယတိပြတ်ဆက်ငြင်းနေလျှင် မပြီးဆုံးနိုင်တော့သည့်ထိုလူကြောင့် စကားအား မယုတ်မလွင်ပြောလိုက်ရသည်။လူဆိုးကောင်လာလို့ ထိုလူနဲ့အရေးတယူစကားပြောနေသည်ကိုတွေ့သွားရင်
ထယ်ယောင်းအား စိတ်ကောက်ကာ ရစ်နေမည်မှာအမှန်။
YOU ARE READING
First Love of Rodium