Part - 18

1K 69 4
                                    

#Unicode

ထယ်ယောင်းတို့ တွဲလာတာ ဒီနေ့ဆို 3လပြည့်ပြီဖြစ်တာကြောင့် dateရန်ထွက်လာခဲ့ကြသည်။လူဆိုးကောင်က 3လပြည့် Anniversary အနေနဲ့ ဂျယ်ဂျူသို့ ခရီးထွက်ချင်သည်ဟုပြောလာသော်လည်း ညအိပ်ညနေအဆင်မပြေသည့်ထယ်ယောင်းကြောင့် မသွားဖြစ်ခဲ့။ ဆက်တူဖွင့်ထားသည့်ဆိုင်ကြောင့် ထယ်ယောင်းမရှိ၍အဆင်မပြေ။ အကိုယောင်းဆွန်းတယောက်ထဲနှင့်မဖြစ်။နောက်ပြီး ကိုကိုကြီးကလည်း လွှတ်မည်မထင် တော်ကြာ လူဆိုးကောင်နှင့်တွဲနေတာပါသိသွားမှဖြင့် ခေါင်းကြိမ်းရပေလိမ့်မည်။ထို့ကြောင့် ထယ်ယောင်းသွားချင်သည့်ကစားကွင်းသို့သာ ထွက်လာခဲ့ရခြင်းဖြစ်သည်။

"ဆူပုတ်မနေပါနဲ့ ဒီယန်ရယ် မင်းက အဲ့လိုဖြစ်နေတော့ 3လပြည့် Anniversary က ဘယ်လိုပျော်ဖို့ကောင်းမှာလဲ"

"ကျုပ်သွားချင်တဲ့နေရာ ခဗျားမှမလိုက်တာ"

ထယ်ယောင်းပြောလိုက်တော့ ကားမောင်နေရာမှတစ်ချက်မကြည့်ပဲ ထယ်ယောင်းအား ဆူပုတ်ပုတ်ပြောလာသည့် လူဆိုးကောင်။

"ငါမှသွားလို့အဆင်မပြေတာ ဒီယန်ရယ်
ပြီးတော့ ဆိုင်မှာ အကိုယောင်းဆွန်းတယောက်ထဲလေ"

"ဒီနေ့တောင် ဆိုင်မှာ အကိုယောင်းဆွန်းတယောက်ထဲ ထားခဲ့ရတာ အားနာဖို့ကောင်းတယ်"

"မသိဘူးဗျာ ကျုပ်ချစ်တာခဗျားကို ကျန်တဲ့​ကောင်ဘာဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး"

လူဆိုးကောင်အား ထယ်ယောင်းတကယ်ပင်မနိုင်တော့။ ဘယ်လိုပြောပြောရမယ့်ပုံမပေါ်ပေ။ကြံမရသည့်အဆုံး ထယ်ယောင်း အနုနည်းသုံးရန်သာပြင်လိုက်သည်။

ထယ်ယောင်း Love real မှ ကားမောင်းနေသည့်လူဆိုးကောင်ဘေးသို့ အနည်းငယ်ရွှေ့ကာ လူဆိုးကောင်၏ လက်မောင်းအား ဖက်တွယ်လိုက်သည်။
ထို့နောက် ပခုံးပေါ် အသာမှီချကာ ညူတူတူအသံဖြင့်

"ဘာလို့ဒီလောက်ဆိုးနေတာလဲ ဟင်"

ထယ်ယောင်းပြောလိုက်တော့ လူဆိုးကောင်က ကားမောင်းနေရာမှ လမ်းဘေးတစ်နေရာသို့ ခပ်မြန်မြန် ကားအားရပ်လိုက်သည်။ထို့နောက် အရှေ့သို့မျက်နှာမူနေရာမှ ထယ်ယောင်းဘက်လှည့်ကာ

First Love of RodiumWhere stories live. Discover now