Part - 17

1.2K 101 8
                                    

#Unicode

"ဒါဘာအချိုးချိုးတာလဲ ဂျွန်ရိုဒီယန်!"

"ဟင် "

ဆိုဖီယာဆိုသည့်မိန်းမနှင့်ပြောဆိုနေတုန်းမှာပင်
ရုတ်တရတတ်ကြားလိုက်ရတဲ့ ဒေါက်တာအလှလေးအသံကြောင့် ကြောင်အသွားရသည်။ ဒေါက်တာအလှလေးက ဘယ်လိုကနေဘယ်လိုရောက်လာလဲ ဒီယန်နားမလည်။သေချာကြည့်မှ ဒီယန်ဝတ်ပေးထားတဲ့ပုံစံအတိုင်း ရှပ်လက်ရှည်အဖြူအပါးနှင့်ဖြစ်တာကြောင့်ထိုင်နေရာမှပင် ငေါက်ကနဲထ ထိုင်ကာ ဒီယန့်မျက်လုံးပြူးသွားရသည်။

"ဘယ်လိုတွေဝတ်လာတာလဲကိုကိုရာ"

"ဝတ်တော့ဘာဖြစ်လဲ မင်းတောင် ငါငုတ်ကြီးရှိနေတာတောင်ကြင်ဖက်တွေ့သေးတာပဲ "

မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ဒီယန်ထိုင်နေရာမှထကာ အပေါ်ကုတ်အနက်အား ချွတ်လိုက်ပြီး ဒေါက်တာအလှလေး၏ ခါးတွင် စည်းနှောင်လိုက်
သည်။ထိုင်ခုံ၌ထိုင်ပြီး ဒီယန်တို့အား အကဲခတ်နေသည့် ဆိုဖီယာဆိုတဲ့မိန်းမကိုလည်း ဒီယန်ဂရုမစိုက်နိုင်။ကိုယ့်အပူကိုယ်ပဲသိသည်။ထို့နောက်ဒီယန့်အား ပြန်ခံပက်လာသည့်ဒေါက်တာအလှလေး၏စကားကြောင့် လူကကြောင်တောင်တောင်ဖြစ်သွားရသည်။

"ကြင်ဖက်? ခဗျားကို ဘယ်သူပြောလဲကြင်ဖက်တွေ့တယ်လို့""

ဒီယန်မေးလိုက်တော့ ဒီယန့်အား မယုံကြည်တဲ့အကြည့်နဲ့ကြည့်ကာ ဒေါသတကြီးပြောလာတဲ့ ထယ်ယောင်း။

"ဘယ်သူပြောပြောအရေးကြီးလို့လား အခုကရောမဟုတ်လို့လား မင်းကြင်ဖက်တွေ့နေတာပဲမဟုတ်ဘူးလား"

"မဟုတ်တာကိုကိုရာ မောင်ရှင်းပြမယ်"

"မရှင်းနဲ့! ရှင်းမယ်ဆိုထဲကမင်းရှုပ်ထားလို့ပဲ"

ဒီယန်ဘယ်လောက်ပြောပြော အသဲအသန်ငြင်းကာ
ဒေါသူပုန်ထနေသည့်ဒေါက်တာအလှလေး။ ဆိုင်ထဲကသူများဟာလည်း ဒီယန်တို့အားမသိမသာတစ်မျိုး သိသိသာသာတစ်မျိုးအကဲခတ်လို့နေသည်။
ဒီယန့်လိုပုံစံဆို ဘယ်ကောင်ကိုမှဂရုစိုက်နေမည်မဟုတ် အခုဟာက ရှပ်လက်ရှည်အဖြူအပါးနှင့်
ပေါင်လယ်လောက်သာရှိတဲ့ ဘောင်းဘီပေါင်တိုကိုသာဝတ်ဆင်ထားပြီးလှချင်တိုင်းလှနေသည့် ဒေါက်တာအလှလေးကြောင့်ပင်။ ကိုယ်ကကလည်း
ကင်မ်ထယ်ယောင်းကို ကိုယ်ကလွဲရင် ဘယ်ကောင်မှမျက်လုံးနှင့်ဆွေကြည့်တာမကြိုက်။ကင်မ်ယထ်ယောင်းက လူကိုသွေးတက်အောင်လုပ်နေတာ။

First Love of RodiumWhere stories live. Discover now