Part - 9

1K 71 0
                                    

#Unicode

မနက်အစောပိုင်းထဲက ဆေးကုသရန်ယာယီ
ဆေးကုစင်တာအားဂျီဆောင်းတို့ဆောက်နေသည်
ဟု ဂျက်ကော့အပြောကြောင့် ဒီယန်တို့ အမြန်ပင်ထွက်လာခဲ့ရသည်။


ရွာလေး၏ ယာယီဆေးကုစင်တာသို့ ရောက်ထဲက
ဆေးကုသနေသည်မှာ အချိန်အတော် ကြာလို့နေပြီဖြစ်သည်။

လာရောက်ကုသ သူများမှာလည်း အဘိုးအဘွား
များမှာအများဆုံးဖြစ်သည်ကြောင့် ဂရုတစိုက်
ကုသပေးရသည်။

တစ်ချို့လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်သည့် အဘိုးအဘွားများကိုဆံဝါကောင်၏ အဖြူအမဲကတုံးတစ်အုပ်က တွဲထူကာ လိုက်လံပို့ဆောင်
ပေးသောကြောင့် အဆင်ပြေသည်ဟုဆိုရမည်။

ရုပ်ရှင်ထဲ၌သာမြင်ဖူးသော ထိုအဖြူအမဲဂတုံး
တစ်အုပ်အား  ကြောက်လန့်ကာပင် ပြန်မယ်ချည်းပြောနေသော အဘိုးအဘွားများကြောင့် ထယ်ယောင်းတို့မှာ တားရပြန်သေးသည်။

လန့်လည်းလန့်ချင်စရာ ပုံစံတွေကိုက မာဖီးယားလိုလို ဂိုဏ်းစတားလိုလိုနှင့် မျက်နှာကလည်းမာထန်ကာ တစ်စက်မှအချိုးမပြေ။

ဒီကြားထဲ ဂတုံးကတုံးထားလိုက်သေးသည်။

ဒီယန် အဘိုးအဘွားများကြား ခေါင်းငုံ့ကာ ဆေးကု
သပေးနေသော ဒေါက်တာအလှလေးအား ယာယီနားနေဆောင်တစ်ခု၌ထိုင်ကာ လှုပ်ရှားမှုပုံစံ
တစ်ခုချင်းစီအား ပြုံး၍ ကြည့်နေမိသည်။

ရှည်ရှည်သွယ်သွယ်လက်ကလေးဖြင့် နားကျပ်အား
ကိုင်ကာ လူနာ၏ရင်ဘတ်သို့ထောက်ပြီး နား
ထောင်နေသည်မှာ သံစဥ်တေးသွားတစ်ပုဒ်အလား
ငြိမ့်ငြိမ်ကလေးပင်။

တစ်ချက်တစ်ချက် စွန့်ကျဲလိုက်သည့် လေးထောင့်
ဆန်ဆန် အပြုံးလှလှကလေးဟာလည်း ရှု့မဝ။

ဒီယန်မှလွဲ၍ကျန်တဲ့သူဘယ်သူ့ကိုမဆို ထိုအပြုံး
လှလှလေးအား စွန့်ကျဲသောထိုဒေါက်တာလေး
ကြောင့် ဒီယန်တစ်ယောက်စိတ်ဆိုးချင်လာရသည်။

သို့သော်လည်း စိတ်မဆိုးရက်နိုင်။ဒီယန်ပြုံးကာပင်
ကြည့်လို့နေမိသည်။

ထို့အပြင်တစ်ဖက်ခုံမှ ဂျက်စမင်ဟာလည်း ထယ်ယောင်းအား ဒီယန့်နည်းတူပြုံးကာပင် ကြည့်လို့နေသည်။

First Love of RodiumWhere stories live. Discover now