Part - 20

1.6K 91 31
                                    

#Unicode

"အငယ်လေး"

"ဗျာ"

ကိုကိုကြီးရဲ့ခေါ်သံကြောင့် လူဆိုးကောင်ရဲ့ပါးစပ်အား ပိတ်ထားရာမှ ထယ်ယောင်းကြောက်လန့်ကာ
တုန်တုန်ယင်ယင်ထူးလိုက်သည်။

"မအိပ်သေးဘူးလား"

"အိပ်တော့မှာကိုကိုကြီး အခုအိပ်တော့မှာ"

"အင်း အိပ်တော့ "

"ဟုတ်ကဲ့"

ထပ်မံမေးလာမည်ထင်ထားသော်လည်း ​ဘာစကားမှဆိုမလာပဲ အျပ်ရန်ပြောလာသည့်ကိုကိုကြီးကြောင့် စိတ်အနည်းငယ်အေးသွားရသည်။ထိူ့နောက် အသံတိတ်နားစွင့်နေလိုက်ပြီး
ကိုကိုကြီး ၏ အသံမကြားတော့မှ ထယ်ယောင်း လူဆိုးကောင်ပါးစပ်အား ပိတ်ထားရာမှ ကုတင်ပေါ်ကဆင်း၍ တံခါးဆီ ခြေသံမကြားစေရန် ခပ်ဖွဖွနင်းကာ အနည်းငယ်ဟပြီးကြည့်လိုက်သည်။လှေကားမှအောက်ထပ်သို့ဆင်းသွားသည့်ကိုကိုကြီးရဲ့ ပုံရိပ်ကိုမြင်မှ ထယ်ယောင်း သက်ပြင်းချနိုင်တော့သည်။ဟူး ရည်းစားလေးတစ်ယောက်ထားတာမလွယ်ပါ့လားနော်။
…………

ဒီယန်ညက ဒေါက်တာအလှလေးရဲ့အိမ်ကို ဘယ်ကဘယ်လိုရောက်သွားလဲမမှတ်မိ။ဟိုကောင်တွေနဲ့ မူးကွဲအောင်သောက်နေခဲ့တာပဲသိသည်။
ဒီမနက်လည်းသူ့အကိုရှိတာကို ရမ်းကားရမလားဟုဆိုကာ ဒေါက်တာအလှလေး၏ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရသေးသည်။ရိုက်လိုက်တာဆိုလည်း ကျောပြင်ကို ပူထူလို့ ရုပ်လေးကသာချောတာ လက်သံပြောင်ချက်ကတော့ စိန်ဗေဒါနဲ့ နင်လားငါလားပဲ။ဒါနဲ့လည်းမပြီးသေး ကိုယ့်ကိုသူ့အကို အမြင်ကြည်အောင် အလုပ်လုပ်ပြရမယ်ဟုလည်းဂျစ်တိုက်သေးသည်။မသိရင် သူအကိုလူ့ဂွစာကိုပဲ ကိုယ်က ယူမလိုလို။ဒီယန်တို့နှစ်ယောက်အကြောင်း ပြောလိုက်ပါဆိုတော့လည်းမဟုတ်ရပြန်။ ဘာတွေကြောက်နေမှန်းကိုမသိ။ပြန်တော့လည်း သူခိုးချောင်းချောင်းပြီး အလစ်သုတ်ခဲ့ရသေးသည်။ကင်မ်ထယ်ယောင်းကို ကြိုက်ရတာလည်း တကယ်မလွယ်ပါ့လား။

"ဂျွန် "

"တို့ဝင်ခဲ့မယ်နော်"

ဒီယန်တွေးနေတုန်းမှာပင် ကြားလိုက်ရတဲ့အသံကြောင့် ကြည့်လိုက်တော့ ဆိုဖီယာဆိုတဲ့မိန်းမပင်။
ပေါင်လယ်လောက်သာရှိသည့် ကြ က်သွေးရောင်
ကိုယ်ကျပ်အကျီရင်ဟိုက်ဖြင့် ဆိုဖီယာဆိုသည့်ထိုမိန်းမဟာ ယောကျာ်းတိုင်းရဲ့typeမျိုးဖြစ်သော်လည်း သူကိုယ်တိုင်က ဒေါက်တာအလှလေးကလွဲရင် ဘယ်မိန်းမကိုမှ ရင်မခုန်တာတော့ခက်သား။ အရင်ကပုံစံနဲ့ဆို တစ်ပတ်တန် နှစ်ပတ်တန် တွဲခဲ့ဦးမည်မှာအမှန်။

First Love of RodiumWhere stories live. Discover now