Part - 12

1K 71 0
                                    

#Unicode

မှောင်ရိပ်သန်းနေသော ညကောင်းကင်ယံအောက်
လမ်းမထက်မောင်းနှင်လာသည့် ဗင်ကားတစ်စီး။
ထိုကားအတွင်း၌ 13နှစ်အရွယ်ကလေးတစ်ယောက်အားတင်းကျပ်စွာ ထွေးပွေ့ထားပြီး ဝမ်းဗိုက်တွင်ထိမှန်ထားသော သေနတ် ဒဏ်ရာအား လက်ဖြင့်အုပ်ကိုင်ထားသည့် အမျိုးသမီးတစ်ဦး။

"သား ဂျွန်လေး မကြောက်နဲ့နော် မာမီရှိတယ်"

"ဟင့် မာမီ သွေးတွေ ဟင့်"

"မာမီဘာမှမဖြစ်ဘူးနော် မငိုရဘူး မာမီ့ဂျွန်လေးက
လိမ်မာမယ်မလား

'ဟင့် ဟုတ်

သွေးများ ကုန်ခမ်းလုနီးပါးထွက်နေတဲ့ မိခင်ဖြစ်သူအားကြည့်ကာ ကလေးငယ်ဟာ အငိုမတိတ်။

"သခင်မ အကုန်လုံးလွတ်ဖို့ဆိုတာမလွယ်လောက်ဘူး"

"အဲ့ဒါကြောင့် သခင်မနဲ့ အကိုလေး ဝေးနိုင်သမျှအဝေးဆုံးကိုပြေးပါ ကျနော် တတ်နိုင်သလောက်အချိန်ဆွဲထားပေးမယ်"

..................

ကလေးငယ်ရဲ့လက်အားဆုပ်ကိုင်ကာ ထွက်ပြေးလာသော်လည်း အနောက်ဘက်မှာ လိုက်ပါလာသော သူများ၏လက်မှလွတ်ရန်မလွယ်။

ချောက်ကမ်းပါးအစွန်းတစ်နေရာ၌ ကလေးငယ်အား တင်းကျပ်စွာထွေးပွေ့ထားသည့်အမျိုးသမီး
ဟာ ရှေ့တည့်တည့်မှလူအားကြည့်ကာ မေးလိုက်သည်။

"ဒီလိုလုပ်လို့ ငါတို့ပိုင်ဆိုင်သမျှကို လက်ဝယ်ကြီးအုပ်နိုင်မယ်ထင်နေတာလား"

ထိုအခါ ခေါင်းဆောင်လို့ထင်ရသည့်ထိုလူက ပြောလာသည်။

"ဒါပေါ့ ဒီပိုင်ဆိုင်မှုတွေက ကျုပ်နဲ့လည်းဆိုင်တယ်လေ"

"ဘရေဒီယန့်ကိုလည်းသတ်မှာ ခဗျားကိုလည်းသတ်မှာ ပြီးရင်"

ထိုလူဟာ ပြောလက်စစကားအားရပ်ကာ ကလေးငယ်လေးအား စိုက်ကြည့်လို့လာသည်။

"ဘရေဒီယန့်မျိုးဆက် ရိုဒီယန့်ကို......."

"နင်!"

"မာမီ "

ဒဏ်ရာအား​မေ့ကာ သားဇောနှင့်ဒေါသကြီး ပြော
ရန်ပြင်လိုက်သော်လည်း စူးကနဲနာကျင်မှုနှင့်အတူ
တစ်စက်စက်ကျလာသည့်သွေးများကြောင့် မေ့လဲ
မသွားအောင်သတိကပ်နေရသည်။

First Love of RodiumWhere stories live. Discover now