Part - 16

1.2K 76 5
                                    

#Unicode

Warning🔞

"ငယ်လေး ဘာဖြစ်နေတာလဲ"

ရောက်ထဲက လငပုတ်ဖမ်းသလိုဖြစ်နေသည့် ထယ်ယောင်းအား မေးလာသည့်ထယ်ဆောင်း။ထိုအခါ ထယ်ယောင်းက

"ဘာမှမဖြစ်ပါဘူး ကိုကိုကြီးရဲ့ ဟို အလုပ်ရှာတာအဆင်မပြေလို့ပါ"

"အဆင်ပြေသွားမှာပါ "

"ဟုတ်ကဲ့ ဒါဆို ကျနော်နားတော့မယ်ကိုကိုကြီး"

ထယ်ယောင်း အကိုဖြစ်သူထယ်ဆောင်းအား မုသားသုံး၍သာ
ပြောလိုက်သည်။ငယ်စဥ်ထဲက မလိမ်တတ်သည်ကြောင့် ကိုကိုကြီးက ထယ်ယောင်းအား ယုံကြည်
သွားသည့်ပုံ။ လူဆိုးကောင်နှင့်တွဲနေသည့် ကိစကို ကိုကိုကြီးအား အသိပေးလို့မဖြစ်။လူဆိုးကောင်၏ပုံစံဟာ ကိုကိုကြီးနှင့် အဆင်ပြေမည်မဟုတ်။
ထယ်ယောင်းကိုယ်တိုင်ကလည်း လူဆိုးကောင်အား
ပကတိမယုံသေးပေ။ အနောက်တိုင်းသွေးနှောကာပြားတစ်ယောက်ဖြစ်သည့်လူဆိုးကောင်က မပွေမရှုပ်ဘူးဟုအာမမခံနိုင်။ ထယ်ယောင်းစိတ်ကြိုက်လေ့လာပြီးမှသာ ထိုလူဆိုးကောင်အား ကိုကိုကြီးနှင့် ပေးတွေ့ရန်တွေးထားလိုက်သည်။

.............

ကြီးမားကျယ်ဝန်းလှသည့်နက်ဆွေးဆွေးအခန်းတွင်းကြမ်းပြင်ထက် ဘယ်ညာလျှောက်ကာ ​​​ဗျာများသည့် ရိုဒီယန်။လျှောက်နေရင်တစ်ချက်တစ်ချက် ကုတင်ထက်ရှိ ဖုန်းအား အကြည့်ရောက်လို့နေသည်။

ကင်မ်ထယ်​ယောင်းတို့က လူကိုတစ်မျိုးမဟုတ်တစ်မျိုးစိတ်ဒုခပေးလိုက်ရမှကျေနပ်တဲ့အမျိုး။လုပ်သွားတဲ့ပုံက ကိုယ်ကပဲ လူဆိုးကြီးလုံးလုံးဖြစ်လို့။
သူကပဲ စိတ်ဆိုးရတယ်ရှိသေး မခေါ်နေပေါ့ ဂျွန်ရိုဒီယန်တို့က အနေသာကြီး။သူတောင်နေနိုင်သေးတာပဲ ငါကဘာလိုမနေနိုင်ရမှာလဲ။ကုတင်ထက်ရှိဖုန်းအားကြည့်ကာ မဲ့ရွဲ့ပြောဆိုနေသည့်ဒီယန်။

ကြည့်နေရုံနဲ့ မကျေနပ်နိုင်သည့် စိတ်ကြောင့်
ခြေလှမ်းကျဲကြီးများဖြင့် ကုတင်ပေါ်တက်ကာ ဖုန်းအား ကောက်ကိုင်လိုက်သည်။ထို့နောက် screen
ထက်ဘယ်ညာရွှေ့ကာ ဖုန်းcontactsထဲဝင်ပြီး
ဒေါက်တာဖင်ကောက်ဟုရိုက်မှတ်ထားသည့်
ဖုန်းနံပါတ်အားနှိပ်လိုက်သည်။တစ်ဒူဒူနှင့်ဝင်ရောက်ပြီးသည်နှင့်သိပ်မကြာ တီကနဲဟူသည့်
ဖုန်းမိနစ်မှတ်လိုက်သည့်အသံကြောင့် ဒီယန်
ခါးဟာမတ်ကနဲ။ ထို့နောက်

First Love of RodiumWhere stories live. Discover now