Part - 1

1.9K 103 0
                                    

Unicode#

တောင်ကိုရီးယာနိုင်ငံ ဆိုးလ်မြို့တော် အင်းချွန်းလေဆိပ် အတွင်း
မိုက်ခရိုဖုန်းမှ ပျံ့နှံ့လာသော ဟာ လေဆိပ်တစ်ခုလုံးကျယ်လောင်
ထွက်ပေါ်လာသည်။

"ဂုဏ်သရေရှိလူကြီးမင်းများအားလုံး မဂ်လာပါရှင့်"

"အမေရီကန်နိုင်ငံ ဝါရှင်တန်ဒီစီမှ တိုက်ရိုက်ပြေးဆွဲလျက်ရှိသော

လေယာဉ်အမှတ်  14R - 32L S10 မှာ မကြာခင်

အချိန်တွင်းအင်းချွန်းလေဆိပ်သို့ ဆိုက်ရောက်မှာဖြစ်ပါတယ်ရှင်"

ကိုရီးယားနိုင်ငံ အင်းချွန်းလေဆိပ်သို့ ဆိုက်ရောက်လာပါသော
လေယာဉ်တစ်စီး။

လေယာဉ် တံခါးအားဖွင့်လိုက်သည်နှင့် အလျှိုလျှိုထွက်လာ
သော လူချို့။

သို့သော် ထိုလေယာဉ်ပေါ်မှ လိုက်ပါလာသော ခရီးသည်များ
အားလုံးနီးပါး ဆင်းသက်သွားပါသော်လည်း လူချမ်းသာများပင်

မစီးနိုင်သည့် ဈေးအင်မတန်ကြီးမားသော VVIP room
ထဲ၌ ကိုယ့်အိမ်ကိုယ့်ရာသဖွယ် အပူအပင်မရှိအိပ်စက်နေပါသော
ယောကျာ်းပျိုတစ်ဦး။

ထို့နောက် ထိုယောကျာ်းပျို၏ ကျစ်လစ်သန်မာသော ပခုံးထက်
ကျရောက်လာပါသည့်လက်တစ်စုံ။

"ဧည်သည့်ရှင့် လေယာဉ်ဆိုက်ရောက်ပါပြီရှင့်"

အစက်အပြောက်ကင်းစွာ ချော့မွေ့ပြေပြစ်သော မျက်နှာချောချောထက် မဲနက်သွယ်တန်းလျှက်ရှိသော မျက်ခုံး
လှလှတစ်စုံနှင့် ဖွင့်ဟလာသော စူးရှရဲတင်းသည့်ခပ်ဝိုင်းဝိုင်းမျက်
လုံးတစ်စုံ။

ထိာ့နောက် ဘေးတစ်ဘက်တစ်ချက်ရှိ လက်နှစ်ဖက်အားယှက်ကာ
ခြေစုံရပ်နေသော မိုးပြာရောင်တူညီ၀တ်စုံဖြင့် ခပ်ဖြူဖြူနိုင်ငံခြားသူ လေယာဉ်မယ်လေးအား တစ်ချက်ပင့်ကြည့်လိုက်သည်။

"Ok"

အရွယ်ရောက်ပြီးသား အနောက်တိုင်း သွေးနှောယောကျာ်း
တစ်ယောက်ပီပီ  ခပ်လှလှမိန်းကလေးမြင်သည်နှင့်
ဗီဇဟာ ပေါ်လို့လာသည်။

"နှိုးပေးလို့ကျေးဇူးပဲ နာမည်ဘယ်လိုခေါ်လဲ"

"လိုင်လာပါ"

First Love of RodiumWhere stories live. Discover now