Part - 21

1.6K 102 41
                                    

#Unicode

လေလံပွဲကအပြန် မှိုင်တွေတွေဖြင့်
စိတ်နဲ့ကိုယ်မကပ်သည့်လူဆိုးကောင်ကြောင့်
ထယ်ယောင်း အိမ်သို့မပြန်ပဲ လူဆိုးကောင်အိမ်တွင်သာ အိပ်ခဲ့သည်။အရင်တစ်ခါလို အိပ်မက်ဆိုးမက်သည့်ဟန်တူသည့် လူဆိုးကောင်ဟာ မိခင်ဖြစ်သူအား ယောင်ယမ်းကာအော်ခေါ်ပြီး ကိုယ်အပူချိန်ကြီးကာ ဖျားနာလာတာကြောင့် တစ်ညလုံးမအိပ်ပဲ
ရေပတ်ကပ်ကာ အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ဂျရတ်ပြောပြလို့ လူဆိုးကောင်မိခင်သေဆုံးမှုအကြောင်းထယ်ယောင်းတစ်စွန်းတစ်ဆသိထားသော်လည်း ထိုအတိတ်ဟာ လူဆိုးကောင်အား အိပ်မ်က်ဆိုးတစ်ခုလိုခြောက်လှန့်နေသည်ကိုမသိခဲ့။ထယ်ယောင်းနှင့်ပတ်သက်လျှင်လူဆိုးကောင်ဟာ အူမကြီး ချီးခါးမကျန်အကုန်သိသော်လည်း လူဆိုးကောင်နှင့်ပတ်သက်လျှင်
ထယ်ယောင်းဟာ ဘာတစ်ခုမှမသိခဲ့ပေ။

ဂျော့ဆိုသည့်သူနှင့် စကားပြောနေသည့်တစ်ချိန်လုံး ထယ်ယောင်းဒီယန့်အနားတွင်သာ နေခဲ့တာကြောင့် အခြေနေအရပ်ရပ်အား ရိပ်စားမိလိုက်သည်။လူဆိုးကောင်နှင့် ဂျော့ဆိုသည့်လူဟာ ညီအကိုဝမ်းကွဲတော်မှန်းထယ်ယောင်းမသိခဲ့​ေပ။ လူဆိုးကောင်ပြော၍သာသိခဲ့ခြင်းဖြစ်သည်။ဂျော့ဆိုသည့်ထိုလူအား ထယ်ယောင်းဘဝင်မကျ သူ့ပုံစံဟာ ထူးဆန်းလွန်းသည်။ထယ်ယောင်းကိုကြည့်တဲ့ထိုလူ့ရဲ့အကြည့်များကိုလည်း မကြိုက်။ရဲတင်းလွန်းတာကြောင့် ထယ်ယောင်းသတိထားရန်တွေးထားလိုက်သည်။

လူဆိုးကောင်နိုးလျှင်အဆင်သင့်စားရန် မီးဖိုဆောင်၌ပြင်ဆင်နေတုန်းမှာပင် အနောက်ဘက်မှ
ခြေသံကြားတာကြောင့် ထယ်ယောင်းလှည့်မကြည့်
ပဲ ပြုံးလိုက်သည်။ထို့နောက်ထယ်ယောင်းအားခါးမှ
ဖက်တွယ်လာပြီး ပုခုံးထက်မေးတင်လာသည့်လူဆိုးကောင်။

"နိုးပြီလား "

"အင်း"

ထယ်ယောင်းလှည့်မကြည့်ပဲ ထိုပုံစံအတိုင်းမေးလိုက်တော့ အိပ်မှုံစုံဝါးဖြင့် ဖြေလာသည့်လူဆိုးကောင်ကြောင့် သဘောတကျပြုံးမိသည်။

"ခရုဆန်ပြုတ်လုပ်ထားတယ် သောက်လိုက်ဦး"

"မသောက်ချင်ဘူး"

You've reached the end of published parts.

⏰ Last updated: Aug 29 ⏰

Add this story to your Library to get notified about new parts!

First Love of RodiumWhere stories live. Discover now