#Unicode
ထယ်ယောင်းကားပေါ်သို့ရောက်တော့ သူနာပြုယွန်းဟာ မရောက်သေး အသိဒေါက်တာတယောက်နှင့်စကားပြောရင်း
ကျန်ခဲ့သည်။ထယ်ယောင်းလည်း Express အလယ်နားရှိ မှန်ဘက်ခြမ်း
ခုံသို့၀င်ထိုင်ကာ သူနာပြုယွန်းအားစောင့်ရင်း အပြင်သို့ငေးနေလိုက်
သည်။ထိုအချိန် တီးတိုးထွက်လာသော သူနာပြုများ၏အသံကြောင့်
ထယ်ယောင်းကြည့်လိုက်တော့ ကားပေါ်သို့တက်လာသည့်
ဆံဝါကောင်နှင့်အပေါင်းအပါများကြောင့်ထယ်ယောင်း
စိတ်ပျက်ကာပင် အပြင်ဘက်သို့ပြန်၍မျက်နှာမူနေလိုက်သည်။သို့သော်မိမိ၏တစ်ဖက်ထိုင်ခုံ အိကျသွားသည်ကြောင့် သူနာပြုယွန်းဟုထင်ကာ ကြည့်လိုက်တော့ ကျက်သရေအဖြာဖြာတုံးသည့်ဆံဝါကောင်ဖြစ်လို့နေသည်။
"မင်း! ဘာလုပ်တာလဲ"
"ထိုင်တာလေ"
ဖြေပုံကိုကတစ်စက်မှအချိုးမပြေ။
ဒီယန် မိမိအားတွေ့သည်နှင့် နှာခေါင်းရှုံ့ကာ လစ်လျှူလျှူ့လျက်
အကြည့်လွှဲသွားပါသည့် ဒေါက်တာအလှလေးကြောင့် ဘေးခုံသို့
၀င်ထိုင်လိုက်သည်။ထို့နောက် မိမိအားလှည့်ကြည့်ကာ မထင်မှတ်ထားဟန်တူသည့်
ဒေါက်တာအလှလေးဟာ ဒီယန့်အားကြည့်လို့လာပြီး အသဲအသန်
မေးလာသည်ကြောင့် ဒီယန်ခပ်တည်တည်ပင်ပြန်ဖြေလိုက်သည်။"ဒီခုံမှာလူရှိတယ် တခြားခုံသွားထိုင်"
"အကုန်ပြည့်နေပြီ"
ဆံဝါကောင့်စကားကြောင့် ထယ်ယောင်းရှေ့နောက်လည်ပြန်ကာ
ကြည့်လိုက်တော့ အမှန်တကယ်ပင်ပြည့်လို့နေသည်။သို့သော်
မြင်လိုက်ရသည့်ရှေ့ဆုံး၌လွတ်နေသည့်တစ်ခုံကြောင့် ထယ်ယောင်း
၀မ်းသာသွားရကာ ဆံဝါကောင်အား ပြောလာတော့သည်။"ဟိုးရှေ့ဆုံးမှာ တစ်ခုံလွတ်တယ် သွားထိုင် ဒီခုံကသူနာပြုယွန်းနေရာ"
"မထိုင်ချင်ဘူးဆိုရင်ရော"
"မင်း!"
ခွီးးးးးးးး
ဒီယန့်အားအကြောက်အကန်နှင်နေသည့်ဒေါက်တာအလှလေးကြောင့် ဒီယန့်နောက်တည့်တည့်ရှိခုံမှ ခွီးကနဲရယ်သံဟာထွက်လို့လာ
သည်။ထယ်ယောင်းလှည့်ကြည့်လိုက်တော့တရားခံဟာ တစ်ယောက်ပါးစပ်တစ်ယောက်ပိတ်ကာထယ်ယောင်းအားစပ်ဖြီးဖြီးရယ်ပြလာသည့်ဂျက်ကော့နှင့်ဂျီဆောင်းဆိုသည့်ကောင်လေးပင်
YOU ARE READING
First Love of Rodium