#Unicode
"မိုးဆိုလာလို့ အ၀တ်အစားလဲရမယ်ထင်တယ်"
ထယ်ယောင်းကြောင်အစွာကြည့်နေတုန်းမှာပင် ဆံဝါကောင်ဟာ
ရေစိုနေသည့် တီရှပ်ချိုင်းပြတ်အဖြူအား ခေါင်းမှ လျှို၍ဆွဲချွတ်
လာသည်ကြောင့်ထယ်ယောင်းအမြန်ပင်နောက်သို့လှည့်လိုက်ရသည်။"မင်း မင်းဘာလုပ်တာလဲ"
"အင်းကျီကကျပ်နေတယ် ချွတ်လို့မရဘူး"
ထယ်ယောင်းမေးနေတာတောင်ထိုဆံဝါကောင်ဟာအရေးမလုပ်
ချွတ်မရဘူးဟုဆိုကာ သူ့ခန်ဓာကိုယ်ဖြင့် ထယ်ယောင်းအား တိုး
ဝှေ့ကာပင် ထိုတီရှပ်အား အသဲအသန်ချွတ်လို့နေသည်။"ဒီမှာ မင်းဘယ်လိုဖြစ်နေတာလဲ"
"အင်ကျီချွတ်နေတာလေ ကူချွတ်ပေးမလို့လား"
ထယ်ယောင်းစိတ်တိုတိုနှင့်အော်လိုက်တော့ ထိုဆံဝါကောင်ဟာ
ပြုံးဆဆမျက်နှာပေးဖြင့်ထယ်ယောင်းအားကလူကျီဆယ်လာသည်ဆင်တောင်၀င်အိပ်လို့ရသည့်အကျီပေါက်ကို ကျပ်လို့တဲ့ မင်းအကြောင်းငါမသိရင်ခက်မယ် တဏှာရူးကောင်ရဲ့ဟု
ထယ်ယောင်းစိတ်ထဲ၌သာဆံဝါကောင်အား ကျိန်ဆဲလိုက်သည်။"မင်းလက်ကကျိုးနေလို့လား"
"ခဗျားကလေ နည်းနည်းပါးပါးနား၀င်ချိုအောင်ပြောလို့မရဘူးလား"
ဒီယန် မိမိအားကြွေဆင်းမလားဟု အတွေးဖြင့် ဟိုကောင်ဂျက်ကော့
ပေးသည့်အကြံတိုင်း လုပ်သော်လည်း ရုပ်ကလေးနှင့်မလိုက်
ကပ်ကပ်လန်အောင်စွာတေးလန်နေသည့်ဒေါက်တာအလှလေး
ကြောင့် စိတ်အချဉ်ပေါက်လာပြီဖြစ်သည်။"မင်းဘာလာလုပ်တာလဲပြော ဒါငါ့အခန်း မင်းပြန်တော့"
ထယ်ယောင်းမိမိရှေ့မှ မှုန်ကုပ်ကုပ်ရုပ်နှင့်အကျီချွတ်ဖြင့်ဆံဝါ
ကောင်အား မောင်းထုတ်လိုက်သော်လည်း မိမိအားကြည့်ကာ
ပေကပ်ကပ်ဖြင့်ရပ်နေသေးသည့် ဒင်းကြောင့် ဒေါသအနည်းငယ်ထွက်လို့လာပြီဖြစ်သည်။"နေဦး ငါနဲ့နေမယ့်အခန်းဖော်က မင်းလို့မပြောနဲ့နော်"
ထယ်ယောင်း မိမိရှေ့မှလက်ပိုက်လျှက်ပေကပ်ကပ်ဖြင်ရပ်နေသည့် ဆံဝါကောင်အား ကြည့်ကာ သတိရသွားသည်ကြောင့် အလျှင်အမြန်မေးလိုက်တော့ ပီတီတီမျက်နှာဘေးဖြင့်မျက်ခုံးတစ်
ဖက်ပင့်လျှက် ပြန်ဖြေလာသည့်ပုံစံကိုက ဖြတ်ရိုက်ချင်စရာ။
YOU ARE READING
First Love of Rodium