#Unicode
"ဒီမှာ ခဗျားဘာဖြစ်ချင်နေတာလဲ"
"ဆေးရုံအုပ်ကတော်"
"ဘာ!"
ဒီယန့်အား ပြုံးစစကြည့်ကာ မျက်ခုံးပင့်လျှက်ပြော
လာသည့်ဒေါက်တာအဆိုးလေး။
ဒီဒေါက်တာ ဆေးမှားသောက်မိလာတာလား။
ကိုယ့်ကိုမြင်လိုက်တိုင်း ဘီလူးသရဲတွေ့သလို
ခါးခါးသီးသီးဖြစ်နေသည့် ဒေါက်တာအလှလေးက
နေချင်းညချင်းပြောင်းလဲသွားတာကြောင့်
အံ့သြနေရသည်။"ခဗျားမူးနေရင်လည်း အေးဆေးနေ"
"မမူးပါဘူး ငါ့ပုံစံကမူးတဲ့ပုံပေါက်နေလို့လား"
ဒီယန့်အား ဆူအောင့်အောင့်ပြောလာသည့် ထယ်ယောင်း။ထိုအခါ ဒီယန်က
"ငါ့ကိုမနှောက်ယှက်ပါနဲ့တော့" ဆိုပြီး ခဗျားပဲပြောခဲ့တာမဟုတ်ဘူးလား?"
"အခုကျုပ်မနှောက်ယှက်တော့ဘူး ခဗျားလမ်းခဗျားသွား"
ထယ်ယောင်း၏ပုံစံအတိုင်း ဟန်ပန်အမူအယာဖြင့်
ပြောလာသည့်လူဆိုးကောင်အားကြည့်ကာ ထယ်ယောင်းမှာရယ်ချင်စိတ်အားမနည်းထိန်းထားရသည်။"မသွားဘူး "
ဘယ်လောက်ပြောပြော ဘူးခံငြင်းနေသည့်ရှေ့ကဒေါက်တာအဆိုးလေးကြောင့် ဒီယန် စိတ်ကိုမနည်းဆွဲဆန့်ထားရသည်။အရင်ကတစ်ကောက်ကောက်လိုက်တော့လည်းမကြိုက် မနှောက်ယှက်နဲ့ဆိုလို့
သူ့အလိုကျရှောင်နေပြန်တော့လည်း မဟုတ်ရပြန်။
ဒီယန် ထိုဒေါက်တာရဲ့စိတ်ကို တကယ်နားမလည်တော့ပေ။ဒီယန် မိမိရှေ့က ငြိမ်ကုတ်နေသည့်ဒေါက်တာအလှလေးအား ပြောရန်ပြင်နေတုန်းမှာပင်
"ငါမင်းကိုသဘောကျနေပြီထင်တယ် "
ထင်တယ်တဲ့လား ကိုယ်ကိုယ်တိုင်တောင် မသေချာပဲ ထင်ရုံနဲ့ ကျုပ်ကို မျှော်လင့်မိအောင်ထပ်လုပ်နေတာလား။ကြိုးရှည်ရှည်နဲ့မလှန်စမ်းပါနဲ့ခဗျားရယ်။
"ထင်တယ်? ထင်ရုံနဲ့ကျုပ်ကို မျှော်လင့်ချက်မပေးနဲ့"
"ခဗျားရဲ့တစ်နေ့တာကို အရင်လိုက်နှောက်ယှက်တတ်တဲ့ခပ်ဆိုးဆိုးကောင်ရုတ်တရတ်ပျောက်သွားလို့ ခဗျားမနေတတ်ဖြစ်နေရုံပါ နောက်ဆိုနေသားကျသွားလိမ့်မယ်"
YOU ARE READING
First Love of Rodium