#Unicode
"အဖိုးနဲ့အဖွားကိုလည်းပြောပေးဦး ကိိုကိုကြီး မအားလို့ မလိုက်ဖြစ်တဲ့အကြောင်း"
ဒယ်ဂူက အဖိုးနဲ့အဖွားဆီ အလည်သွားမည်ဖြစ်တာကြောင့် ထယ်ယောင်းအားမှာနေခြင်းပင်။
ကိုကိုကြီးက တရားခွင်ရှိသည်ကြောင့် ဒယ်ဂူသို့မလိုက်နိုင်။ထယ်ယောင်းအား စိတ်မချတာကြောင့်
လည်း အတန်အတန်မှာနေခြင်းပင်။"ဂရုစိုက်သွားနော် ရောက်ရင်လည်းဖုန်းဆက်"
"စိတ်မချပါဘူးကွာ ငါလိုက်ပို့မယ်"
"မဟုတ်တာကိုကိုကြီးရယ် ကျနော်တစ်ယောက်ထဲသွားလို့ဖြစ်ပါတယ်"
စိတ်မြန်လက်မြန်ရှိလှသည့် ကိုကိုကြီးဟာ ကားသော့ဆွဲလျှက် ထွက်လာသည်ကြောင့် ထယ်ယောင်းမှာ အမြန်တားရပြန်သည်။
တရားခွင်ရှိတာကို နောက်ကျနေမှဖြင့် စာတင်နေရဦးမယ်။ အမြန်သွားမှပါမဟုတ်ရင် ကိုကိုကြီးလုပ်နေပုံနဲ့ ထယ်ယောင်း ဒီနေ့ ဒယ်ဂူသို့ရောက်ဖို့လမ်းမမြင်။"ကျနော်သွားတော့မယ်နော် ကိုကိုကြီး လမ်းထိပ်ကနေပဲ ဘတ်စကား စီးသွားတော့မယ် "
"တရားခွင်သွားရမှာမလား ကျနော့်ကို လိုက်မပို့နဲ့တော့"
ထယ်ယောင်း ကိုကိုကြီးအား စကားအမြန်ဖြတ်ပြီး
နှုတ်ဆက်ကာ ထွက်လာလိုက်သည်။
ကားမစီးနိုင်တဲ့သူ့အဖို့ ဘတ်စ်ကားဂိတ်သို့
လမ်းလျှောက်၍သွားရပေဦးမည်။
ဘတ်စ်ကားဂိတ်ရောက်မှ ဒယ်ဂူသို့ ဒါရိုက်ကားနှင့်
သွားတော့မည်။ထယ်ဆောင်း ထွက်ခွာသွားပြီဖြစ်တဲ့ ညီဖြစ်သူ
ကျောပြင်အားရပ်ကာကြည့်နေတုန်းမှာပင်
ခြံရှေ့မှဖြတ်လျှောက်သွားသည့် အဖြူအမဲဂတုံးတစ်ကောင်အား တွေ့လိုက်ရသည်။
မြင်ဖူးသလိုလိုရှိသည်ကြောင့် ထယ်ဆောင်း
အကြိတ်အနယ် စဥ်းစားလို့နေသည်။ဒီအဖြူအမဲဒီဇိုင်းနဲ့ ဂတုံးကိုမြင်ဖူးပါတယ် ဘယ်မှာမြင်ဖူးတာပါလိမ့်
ထယ်ဆောင်းစဥ်းစားနေတုန်းမှာပင် ထယ်ဆောင်းကြည့်နေသည်အား မြင်သွားသည့် ထိုဂတုံးက
ထယ်ဆောင်းအား သွားဖြီးပြလာသည်ကြောင့်
မှတ်မိသွားရသည်။
YOU ARE READING
First Love of Rodium