Part - 6

966 48 0
                                    

#Unicode

အားးးးးးးးးးးး

ရင်နှီးနေသည့် အော်သံဆူးဆူးကြောင့် ထယ်ယောင်း ခေတ္တကြောင်
နေရာမှာ လန့်ဖြန့်ကာ‌ ယောင်ယမ်းပြီး အားဖြင့် ပိတ်ကန်လိုက်သည်။

"အာ့ ကျုပ်ဖင်"

ဒီယန်း ညကအိပ်ကောင်းချင်းမအိပ်ရလို့ မနက်လင်းပိုင်းမှအိပ်
ပျော်သွားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ပျော်နေစဉ်
မိမိညာဘက်နို့တစ်ဖက် ကျင်ခကနဲဆူးတက်သွားသည်ကြောင့်
ငယ်သံငယ်ရင်းပါ‌ေအာင် အော်လိုက်မိသည်။

သို့သော် မိမိအော်သံနှင့်အတူ ခန်ဓာကိုယ်ဟာလည်း အားပြင်း
လှသည့်ကန်ချက်ကြောင့် ကုတင်ထက်မှ ဘုတ်ကနဲပင်ကြမ်းပြင်ထက် ခြေပစ်လက်ပစ်ကျကာ အီစလန်
ဝေသွားရသည်။

ဒီယန်နာကျင်သွားသည့်တင်ပါးအားကိုင်ကာ ငြီးတွားရင်ပင်
ကုတင်ထက်မှ ‌တရားခံအားကြည့်လိုက်တော့ ဒေါက်တာအလှ
လေးပင်။

ဒီယန်အောင့်မြတ်သွားသည့်တင်ပါးကြောင့် ဒေါသထွက်သွားသော်လည်း ညကဂျစ်တိုက်မှုအား သတိရကာ
လေသံမမာရဲ။

"ဒီမှာ ခဗျားဘယ်လိုလုပ်လိုက်တာလဲ?"

"မင်းကဘယ်လိုဖြစ်လို့ ငါ့ကုတင်ပေါ်ရောက်‌နေတာလဲ"

"မင်းမဟုတ်မှ ငါ့အိမ်ထဲခိုး၀င်လာတာလား မင်းကိုတရားစွဲမယ် အမှုဖွင့်မယ်"

ဒီယန် ပြောစရာပင်ပျောက်ရှသွားသည်။ကိုယ့်အိမ်လာပြီး ကိုယ့်ကုတင်မှာလည်းအိပ်နေသေးတယ် ကိုယ့်ကိုတောင်တရား
ပြန်စွဲဦးမယ်တဲ့။

ညက ကိစများအား မမှတ်မိဟန်တူသည့် ဒေါက်တာအလှလေးအား
ဒီယန် စချင်လာသည်ကြောင့် ကြမ်းခင်ထက်မှ ထကာ ကုတင်ထက်
လက်တစ်ဖက်ထောက်လျက် ဘေးတစ်စောင်းလှဲကာ မိမိအားကြောင်ကာကြည့်နေသည့် ဒေါက်တာအလှလေးအား
စူးစိုက်ကြည့်လိုက်သည်။

ထိုတော့မှ ဒီယန့်အားတစ်လှည့် ‌အ၀တ်မပါသည့် သူ့ခန်ဓာကိုယ်အားတစ်လှည့်ကြည့်ကာ ပါးစပ်အဟောင်းသား
ဖြစ်လို့နေသည်။

ထို့နောက်ဒေါက်တာအလှ‌လေးဟာ
ရှည်ရှည်သွယ်သွယ်လက်နှစ်ဖက်ဖြင့် ခန်ဓာကိုယ်အားဘယ်ညာယှက်ကာ
ဒီယန့်အားအပြူးအပြဲမေးလို့လာသည်။

First Love of RodiumWhere stories live. Discover now