" ဖေဖေရေ သမီးအလုပ်သွားတော့မယ်နော် မနက်စာအဆင်သင့်ပြင်ထားပေးတယ်စားလိုက်အုန်းနော်ဖေဖေ နေ့လည်စာလည်းချက်ထားမောင်လေးကျောင်းသွားရင်အဆင်သင့်ပဲလို့ မနက်စာလည်းစားသွားလို့မှာပေးအုန်းနော်ဖေဖေ"
" အေးအေး သမီးသေချာဂရုစိုက်သွားနော်"
" ဟုတ်ကဲ့ဖေဖေ"
နာမည်ကတော့ နန်းမြတ်သူ အသက်ကတော့ ၃၈ နှစ်ရှိပါပြီ အသက်အားဖြင့် ၃၈ လောက်ကိုမထင်ရလောက်အောင်မြန်မာဆန်ဆန်ယဉ်လွန်းအလှကိုပိုင်ဆိုင်ထားသူ သူ့အလှကြောင့်လိုချင်သူယောက်ျားများပြားသော်လည်း ဖေဖေနဲ့မောင်လေးသာရှိတော့တဲ့မိသားစုကိုရှာဖွေကျွေးမွေးပြုစုဖို့ကလွဲရင်ကျန်တာတွေစိတ်မဝင်စားသူဖြစ်သည်။" သမီးရေ ခုစဆောက်မယ့် ဟိုတယ်လုပ်ငန်းကရောအခြေနေဘယ်လိုလဲ"
" အဆင်ပြေပါတယ်ဒယ်ဒီ ဒီညနေ ဟိုတယ်မှာညစာစားရင် လုပ်ငန်းစမယ့်ရက်အကြောင်းဆွေးနွေးဖို့ချိန်းထားသေးတယ်"
" ငါ့သမီးအကိုကြီးကလည်း သူ့ဆရာဝန်အလုပ်ကိုပဲလုပ်ချင်တာဆိုတော့ ဒယ်ဒီ့လုပ်ငန်းတွေကတော့ ငါ့သမီးကိုပဲလွှဲထားရတော့မှာပဲ"
" ဟုတ်ကဲ့ပါ သမီးလည်းအကောင်းဆုံး ကြိုးစားလုပ်ပေးမှာပါ"
" ကဲကဲ ဒီသားဖတွေမနက်စာစားချိန်တောင် အလုပ်ကိစ္စပြောနေကြတာလား မနက်စာကိုပဲသေချာစားကြပါရှင်" လို့မာမီဝင်ဖြေပြီးတာနဲ့ မနက်စာစားပြီး ရုံးကိုထွက်လာခဲ့လိုက်တယ်။နာမည်က ဟန်ဆုရီ အသက် ၂၆ နှစ်ဒွီလိင်တစ်ယောက် အလုပ်မှာတော်ပြီး ထက်မြတ်ကာ ယောက်ျားတကာနဲ့ယဉ်ဘောင်တန်းပြီးအလုပ်လုပ်နိုင်သူ အနေတည်ပြီးခက်ထန်တဲ့အပြင် မာနကြီးတာကြောင့် တော်ရုံဘယ်သူကမှမကပ်ရဲ မြင်သူတိုင်းရှန်နေစေမယ့်မဖက်နှာထားမျိုးနဲ့နေတတ်သူဖြစ်သည်။ရုံးရောက်တာနဲ့ " မြတ်ရေ ဒီနေ့ လုပ်စရာရှိတဲ့ စာရင်းတွေနဲ့ အလုပ်တွေအကုန်ပေးနော် ညနေရုံးစောဆင်းမယ် ညစာသွားစားရမှာမို့ ကျန်တာတွေမြတ်ကြည့်လုပ်လိုက်တော့နော် "
" ဟုတ်ကဲ့ စိတ်ချပါ မမ"
___
ဒီလိုနဲ့တနေကုန်အလုပ်လုပ်ပြီး ရုံးဆင်းချိန်ရောက်တော့ နန်းမြတ်သူတယောက်လည်း သူ့ရုံးမှအိမ်သို့ပြန်ရောက်သောအခါ ရေမိုးချိုး ည ၇ နာရီထိုးတဲ့ထိ မောင်လေးမင်းမြတ်သူမှာ အိမ်ပြန်မလာသေးပါ
" ဖေဖေရေ မောင်လေးကျောင်းကပြန်လာတုန်းတည်းကထွက်သွားတာလား ဘယ်သွားမယ်ပြောသွားသေးလဲ"
" ၅ နာရီလောက်ကမှ သူ့သူငယ်ချင်းမွေးနေ့ပွဲရှိလို့ သွားမယ်တဲ့နည်းနည်းနောက်ကျမယ်လည်းပြောသွားတယ် ညစာစားနှင်လိုက်ပါတဲ့"
" ဟုတ်လား သမီးကစိတ်ပူလိူ့ပါဖေဖေရယ် ဒါဆိုလည်း ဖေဖေနဲ့သမီးပဲ စားနှင့်လိုက်တာပေါ့"
ည ၈ နာရီထိုးသောအခါ နန်းဖုန်းဝင်လာလို့ကြည့်လိုက်သောအခါ မောင်လေးဆီမှဖြစ်နေတာကြောင့်
" ဟယ်လို မောင်လေး ပြန်မလာသေးဘူးလားဟင် မိုးတောင်ချုပ်နေပြီ"
" မမရေ ညီမ နန်းဆုပါ မင်းမြတ်သူ သူငယ်ချင်းပါ မင်းမြတ်ကခုတအားမူးနေလို့ မမရေညီမကလည်းပွဲထဲမှာဧည့်သည်တွေနဲ့ပြန်ပို့ပေးလို့အဆင်မပြေလို့လေ အဲ့တာမမလာခေါ်ပေးလို့ရမလားမမ"
" ဟင် မောင်လေးမူးနေတာလား အင်း အမလာခေါ်မယ်ညီမလေး ဘယ်နေရာမှာလဲ"
" ညီမ နေရာအတိကျကို message ပို့လိုက်မယ်နော်မမ"
" အေးအေး ညီမလေး"
နန်းလည်း နေရာသိရတာနဲ့အဝတ်စားလဲ ပြင်ဆင်ပြီးအဖေ့ကိုအကျိုးကြောင်းပြောပြပြီး လမ်းထိပ်က စိတ်ချရတဲ့အသိတစ်ယောက်ရဲ့ taxi ငှါးကာ နန်းဆုပြောတဲ့ ဟိုတယ်ကိုလာခဲ့လိုက်သည်။ နန်းလည်းစိတ်လောနေတာနဲ့ မောင်လေးကိုတွဲခေါ်ပြီး ထွက်အလာ အထဲမှာမောင်လေးဖုန်းနဲ့အိတ်ကျန်ခဲ့တယ်ဆိုလို့ မောင်လေးကို ခနထားပြီး ပြန်ယူပြီး ပြန်အလာမှာ ကောင်မလေးတစ်ယောက်နဲ့တိုက်မိတော့သည်။
ဟန်ဆုရီ ဟုတ်ပါတယ် ကျမ ဟိုတယ်မှာ ညစာစားရင်း လုပ်ငန်းကိစ္စပြောပြီး ထွက်အလာလူတစ်ယောက်နဲ့တိုက်မိပြီး အဲ့လူကိုသေချာမော့ကြည့်လိုက်ချိန် ခနတာမှင်သက်မိသွားရသည် ယဉ်လွန်းလိုက်တဲ့အလှ ရင်တွေပါခုန်လာပြီး ပြောဖို့စကားတောင်မသိတော့ပဲ စိုက်ကြည့်နေမိတော့သည်။
နန်းလူတစ်ယောက်နဲ့တိုက်မိလို့ အဲ့လူကိုတောင်ပန်းစကားဆိုနေတာကို အဲ့ကောင်မလေးက နန်းကိုစိုက်ကြည့်နေသည် သူ့အကြည့်များမှာ စူးရှလွန်းလှသည် မျက်နှာမှာ ဖြူဖွေရအုနေပြီး အလွန်ပင်ပြေပြစ်ကာ ချောမောလွန်းလှသည် ဘယ်ယောက်ျားသားကိုမှ ရင်မခုန်ခဲ့ဖူးသော နန်းမှာ ထိုမိန်းကလေးအကြည့်တွေအောက်မှာ ရင်တွေခုန်နေရသည်။
သို့သော် ကြာကြာပင်မတွေးနိုင် မောင်လေး တစ်ယောက်တည်းဖြစ်နေတာကြောင့် လှည့်ထွက်ပြီး မောင်လေးကိုတွဲကာ ငှါးလာတဲ့ taxi ပေါ်တက်ပြီး အိမ်ကိုပြန်လာခဲ့လိုက်တော့သည်။
ခနတာ ရင်ခုန်နေမိသော ဟန်ဆုရီမှာလည်း ကောင်လေးတစ်ယောက်နဲ့ကျောပေးကာ ထွက်သွားတာကိုမြင်ပြီး ဟိုတယ်အတူလာအိပ်ကြတဲ့ စုံတွဲလိူ့မြင်ကာ ရွံရှာသွားပြီး ချက်ချင်းပင်လှည့်ကာအိမ်ကိုပြန်လာလိုက်တော့သည်။နန်းမှာတော့ အိမ်ပြန်ရောက်တဲ့ထိ ထိုမိန်းကလေးရဲ့မျက်နှာလေးနဲ့အကြည့်စူးစူးတို့ကိုခေါင်းထဲကကိုမထွက်ပါ ဘယ်ယောက်ကျားကိုမှရင်မခုန်မိပဲ ခနတာတွေ့လိုက်ရတဲ့မိန်းကလေးကိုရင်ခုန်မိတဲ့ကိုယ့်ကိုကိုယ်လည်း တကယ်ကိုအံ့ဩမိတော့သည်။ သို့သော်လည်း တခနတာ တွေ့ဆုံပြီး ချောလို့ရင်ခုန်မိတာနေမှာပါလို့ပဲ ဖြည့်တွေးပြီးမေ့ပျောက်ထားကာ အိပ်လိုက်တော့သည်။ အိမ်မက်ထဲတွင်တော့ ထိုမိန်းကလေးပါလာအုန်းမှာတော့ သေချာနေပါပြီလေ————————————————————
အစပိုင်းတွေ့ဆုံမှုလေးဆိုတော့ နည်းနည်းပျင်းစရာလေးဖြစ်နေမလားမသိဘူး လိုအပ်ချက်လေးတွေထောက်ပြပေးသွားပါအုန်းနော် နောက်ပိုင်းအပိုင်းတွေမှာ 21+ နဲ့စကားလုံးကြမ်းတာတွေပါလာမှာဖြစ်လို့ ဖတ်ဖို့အဆင်မပြေတဲ့ reader လေးတွေကတော့ warning လေးတွေကျော်ပြီး ဇာတ်လမ်းလေးကိုတော့ ဖတ်စေချင်မိပါတယ်နော်🥺
YOU ARE READING
မြေခခဲ့ရသော မာနတစ်စုံ
Romanceနန်းမြတ်သူ စတွေ့တည်းချစ်မိနေသော်လည်း အလှမ်းဝေးလွန်းတဲ့အနေထားကြောင့် မိမိအချစ်ကိုမြိုသိပ်ပြီး နာကျင်နေရသူ ဟန်ဆုရီ ခနတာမြင်မိတဲ့ လွဲမှားတဲ့အမြင်တခုကြောင့် ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကို မေ့ထားကာမာနနဲ့ဆိုးရွားစွာဆက်ဆံတတ်သူ သူတို့နှစ်ယောက်ရဲ့ မလှပတဲ့တွေ့ဆုံမ...