Part 14

3.7K 122 10
                                    

နန်း တစ်ယောက်ကတော့ မနက်တည်းကထွက်သွားပြီးခြထိပြန်မလာသေးတဲ့ ဟန့် ကိုပဲစိတ်ပူနေမိတယ် ဖုန်းခေါ်တော့လည်းမကိုင်ဘူး ခနလေးပဲလို့ပြောသွားပြီး ခုညနေတောင်စောင်းနေပြီ ပြန်မလာသေးဘူး ထိုချိန်ကားသံကြားလို့ ထွက်ကြည့်တော့ နန်း မျှော်နေတဲ့ ဟန်ပါလေ မျက်နှာကြည့်ရတာ သိပ်မကောင်းသလိုပဲ အလုပ်များပင်ပန်းထားလို့လားမသိဘူး

" ဟန် ဘာလို့နောက်ကျနေတာလဲဟင် နန်း ဟိတ်ပူနေတာ ဖုန်းခေါ်တာလည်းမကိုင်ဘူး "

" ကျစ် ကျမအလုပ်ကိစ္စသွားတယ်ပြောသွားတယ်လေ ဘာကိစ္စဖုန်းခနခနဆက်နေတာလဲ ကျမဘာကျမ ဘာလို့နောက်ကျကျပေါ့ ရှင့်ကိ့သတော်ဦးလိုက်တင်နေရမှာလား"

" ဟင် အဲ့လိုပြောတမဟုတ်ပါဘူး ဟန်ရယ် နန်း ကစိတ်ပူလို့မေးတာပါ ဟန်အလုပ်ပင်ပန်းလာတယ်ထင်တယ် နားလိုက်အုန်းလေနော် ပြီးရင် ဟို နန်းပြောစရာလေးလည်းရှိလို့"

" အင်း ကျမလည်းပြောစရာရှိတယ် ရှင်အပေါ်လိုက်ခဲ့"

" ကျမပြောချင်တာရှိတယ် ခုကျမပြောတာသေချာနားထောင်ပါ ကျမ ကိုရန်နိုင်နဲ့ လက်ထပ်တော့မယ်"

" ဟင် ဟန် ဘာ ဘာပြောလိုက်တာလဲ"

" ရှင်မကြားဘူးလား ကျမကိုရန်နိုင်နဲ့ လက်ထပ်တော့မယ်လို့ "

" ဘာလို့လဲဟင် နန်း နန်းကိုချစ်တယ်ဆို ဟင့် ဘာလို့ ဘာလို့ ဟင့် သူနဲ့လက်ထပ်မှာလဲဟင်"

" တကယ်တော့ ကျမရှင်နဲ့အတူနေပြီး ခနတာစွဲလန်းခဲ့ရတာ အဲ့တာကိုချစ်တယ်ထင်နေမိတာ တကယ်တမ်းကျ ကျမချစ်တာကိုရန်နိုင်ကိုပဲ ကျမကိုယ့်စိတ်ကိုသိလိုက်ပြီ အဲ့တာကြောင့် ကျမ ချစ်တဲ့သူနဲ့ပဲလက်ထပ်တော့မလို့"

" အဲ့လို ခနတာစွဲလန်းခဲ့တာ ခနတာစိတ်ယိုင်ခဲ့မိတာလို့ ပြောလို့ရကြေးလား ဟင့် နန်း ကဟန့်ကိုအရမ်းချစ်ခဲ့တာလေဟင့် ဟင့် နန်း ဘက်ကို နန်းဘက်ကိုဘာလို့တချက်လေးတောင်မကြည့်ရတာလဲ"

" ရှင့်ကို နစ်နာသွားစေတာတွေအတွက်လည်း ကျမ ရှင့်ကိုနစ်နာကြေးသေချာပေးမှာပါ နောက်တခုပြောချင်တာကတော့ ကျမချစ်သူကိုရန်နိုင်က ရှင်ကျမနားမှာရှိနေတာကိုသဘောမကျဘူး အဲ့တာကြောင့် ရှင် ကျမကိုတကယ်ချစ်ခဲ့တယ်ဆိုရင် ရှင့်နည်းရှင့်ဟန်နဲ့ ဒီကနေထွက်သွားပေးလို့ရမလားပြီးရင် ဘယ်တော့မှပြန်လာမပတ်သက်ပါနဲ့တော့ ဒါရှင့်ဆီကျ ကျမနောက်ဆုံးတောင်းဆိုတာပါ"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now