Part 7

5.3K 140 13
                                    

ဒီလိုနဲ့ တစ်ရက် တစ်ရက် အချိန်တွေကုန်လွန်လာတယ် သူတို့နှစ်ယောက်ကလည်း အလုပ်ကိစ္စနဲ့ နေ့စဉ်ရက်ဆက်ကို အတူတူ တွဲသွားတွဲလာ ရှိနေကြတုန်းပါပဲ နန်း မှာလည်းနေ့စဉ်မြင်တွေ့နေရပေမယ့် မြင်လိုက်တိုင်းရင်ထဲမှာအောင့်နေရတုန်းပါပဲ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့နှစ်ဦးအလုပ်ကိစ္စနဲ့နယ်ဝေး ခရီးသွားဖို့ကြုံလာတော့ အန်တီက လက်မထပ်ရသေးခင်နှစ်ယောက်တည်းသွားတ ပတ်ဝန်းကျင်အမြင်မတင့်တယ်တာကြောင့် နန်း ကိုပါတခါတည်းခေါ်သွားဖို့ပြောတော့ နန်း ရဲ့ဟန်လေးကအေးဆေးပင်သဘောတူလက်ခံခဲ့ပါတယ် ဒါကြောင့် နန်း တအားပျော်နေခဲ့မိတယ် တချို့တွေကတော့ ခရီးထွက်ရလို့အနားရတက်ကြွပြီးပျော်နေတယ်ထင်ကြမှာပေါ့ တကယ်တမ်းကျ ဟန် ဟိုလူနဲ့နှစ်ယောက်တည်း ခရီးမသွားရတဲ့အပြင် နန်း ပါဟန်နဲ့အတူခရီးထွက်ခွင့်ရလို့ဖြစ်သည် နှစ်ယောက်တည်းတော့မဟုတ်ဘူးပေါ့
တကယ်တမ်း ကားပေါ်မှာတော့ နန်း ကနောက်ခန်းမှာ တစ်ယောက်တည်းပါပဲ ဟန်နဲ့ဟိုလူနဲ့က ရှေ့မှာစကားတွေပြောလိုက် ပြုံးလိုက်ပျော်လိုက်နဲ့ နန်း ကိုပါလာတယ်လို့တောင် ထင်ပုံမရကြပါဘူး နန်း ရဲ့အပျော်လေးတွေတောင်ပျောက်သွားခဲ့ရပါတယ် အဲ့တာကြောင့် သူတိူ့ပြောတာတွေမကြားချင်တာနဲ့ တောက်လျှောက်အိပ်ပြီးသာလိုက်ခဲ့လိုက်သည်။
__
အခုခရီးထွက်တာ သူပါပါလာခဲ့တယ် ကျမ သူ့အပေါ်စိတ်တွေဘယ်လိုဖြစ်နေလဲမသိပါစတွေ့တွေ့ချင်းတုန်းကမြင်ပြီး ဖြစ်ခဲ့ရတဲ့ရင်ခုန်မှုမျိုး သူ့မျက်နှာလေးတွေ့တိုင်း ခနခနပြန်ခံစားနေရတယ် အဲ့နေ့ကမြင်ခဲ့ရတဲ့သူမှဟုတ်ရဲ့လားလို့လည်းပြန်တွေးမိတယ် ဘာလို့ဆို အိမ်မှာစတွေ့တဲ့နေ့တည်းက စျေးသွားတာကလွဲရင် အပြင်လည်းမထွက် ဖုန်းပြောတာဘာညာလည်းမရှိ တခါတရံသူ့အဖေနဲ့ပြောတာသာကြားမိသည် ကျန်တဲ့ချိန်တွေကတော့ဘသူ့အလုပ်သူသာအေးဆေးလုပ်နေတတ်သည် ဒါကြောင့် ကျမလည်း သူ့အပေါ်အရင်လိုမဆက်ဆံဖြစ်တော့ပါ စိတ်ထဲကဖြစ်နေတဲ့ ခံစားကိုတော့လျစ်လျူရှုထားရတာပေါ့ ကျမသူနဲ့ပတ်သက်ပြီးမတွေးချင်တော့ဘူးလေ

ဒီလိုနဲ့ခရီးရောက်ပြီး ဟိုတယ်ရောက်တော့ ဟန်ကကျမနဲ့နှစ်ယောက်တခန်းယူလိုက်ပြီး ဟိုလူကတော့သက်သက်တခန်းဖြစ်သည်

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now