Part 13

3.9K 106 8
                                    

နန်း အရင်ရက်တွေကတော့ဆေးသောက်ပြီး သက်သာပေမယ့် ပြန်ပြန်ဖြစ်ဖြစ်နေတာကြောင့် ဒီမနက်တော့ နန်း စျေးသွားရင် ဆေးခန်းဝင်ပြဖြစ်သည်

" ဒေါက်တာ ကျမ မနက်ပိုင်းတွေဆိုရင်ပြည့်ရင်ကယ်ဖြစ်ပြီး အော့အန်ပြီး မူးနေလို့ပြီးတော့နုံးနေပြီအလုပ်လုပ်ရတာလည်းအဆင်မပြေဘူးဒေါက်တာ"

ဒေါက်တာ သေချာစမ်းသပ်ပေးပြီးတော့

" စိတ်ပူစရာမရှိပါဘူးရှင့် လူနာက ကိုယ်ဝန်ရှိနေတာကြောင့် မနက်ပိုင်းတွေမူးပြီးအော့အန်တာ ကိုယ်လက်မအီမသာဖြစ်တာတွေ လက္ခဏာပြတာပါ"

" ရှင် ကိုယ် ကိုယ်ဝန်လား ဒေါက်တာ ကျမ ကျမမှာကိုယ်ဝန်ရှိနေတာလား"

" ဟုတ်ပါတယ် ကိုယ်ဝန်က ၅ ပတ်လောက်တော့ရှိလောက်ပြီ အသေးစိတ်ကတော့ ဗိုက်ကို OG နဲ့သေချာပြပြီး ဆောင်ရန် ရှောင်ရန်လေးတွေ သေချာလိုက်နာလုပ်ပေးနော်"

" ဟုတ်ဟုတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးတင်ပါတယ်"

နန်း ဆေးခန်းထဲကထွက်လာတာတော့ နန်းရဲ့ဗိုက်လေးကိုကိုင်ပြီး စိတ်တွေလွတ်ထွက်နေမိသည်။ နန်း ပျော်ရမှာလား ဝမ်းနည်းရမှာလား သေချာမသိတော့ပေ နန်းနဲ့ဟန်ကလည်းဘာဆိုဘာမှ မဖြေရှင်းရသေး အသိမပေးရသေး ဟန်ဘာတွေစီစဉ်ထားလဲလဲမသိရတော့ နန်း မှာကိုယ်ဝန်အကြောင်း ဟန့် ကိုဘယ်လိုပြောပြရပါ့မလဲ ဟန် သိရင်ရော ဝမ်းသာမှာလား မလိုချင်ဘူးပြောမှာလား နန်း ဝေခွဲမတတ်တော့ပါ ဖြစ်လာမှတော့ရင်ဆိုင်ရတော့မည်လေ ဖုံးဖိထားလို့မရတဲ့အရာဖြစ်တဲ့အတွက် ဟန့် ကိုတော့ဖွင့်ပြောပြရမှာပါပဲ ဟန့် ဘက်ကဘယ်လိုတုံ့ပြန်လာမလဲ နန်း ကြောက်နေမိသည်
__
ဟန်တစ်ယောက်အလုပ်များနေတာရော အခွင့်မကြုံသေးတာရယ်ကြောင့် ကိုယ်ဝန်ကိစ္စကို နန်း ခုထိမပြောပြဖြစ်သေးပါ ဒီနေ့တော့ ရုံးလည်းပိတ်တော့ သေချာပြောပြဖို့စဉ်းစားထားသည်

" ဟန် ဒီနေ့အလုပ်ပိတ်တယ်မလားဟင် သွားစရာရှိသေးလား"

" ဟုတ် ဟန် ဒီနေ့အလုပ်ကိစ္စချိန်းထားတာလေးတော့ရှိတယ် ခနနေရင်ပြန်လာမှာပါ ခနပဲ ဘာလို့လဲနန်း"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now