" ဒီမှာ "
" ရှင် မမလေး ဘာလိုလို့လဲ"
" ဘာမှမလိုဘူး မနေ့ကပြောတာကြားတယ်မလား ဒီနေ့ငါနဲ့စေ့စပ်ထားတဲ့ကိုရန်နိုင်ပြန်လာမှာ သူ့ကိုညစာခေါ်ကျွေးမလို့ အဲ့တာ ဒီညဟင်းကောင်းကောင်းနဲ့ ဧည့်သည်အတွက် သေချာပြင်ဆင်ပေးထားပါ"
" ဟုတ် ဟုတ်ကဲ့ပါ မမလေး"
ကိုယ့်ချစ်ရတဲ့သူရဲ့ သတို့သားလောင်းစားဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပြင်ဆင်ပေးရမှာတဲ့ ရင်နာနာနဲ့ပဲ လုပ်ပေးရတော့မှာပါ
__
ဒီလိုနဲ့ ညနေရောက်တော့
" မာမီ ဒယ်ဒီ ဒီမှာကိုရန်နိုင်ပါလာတယ်"
" ဟေ လာကွယ် သားရန်နိုင် အန်တီတို့ကမျှော်နေတာကွဲ့ လာထိုင်အုန်း ဒီတခေါက်သဘ်ောတက်တာ အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပြေပါတယ်အန်တီ အန်ကယ်ရော လုပ်ငန်းတွေတော်တော်မှအောင်နေရဲ့လားဗျာ ဟန်လေး ဦးစီးတည်းက တော်တော်အောင်မြင်လာကြောင်း ကျွန်တော်သတင်းတွေကြားပါတယ်နော်"
" ဟုတ်ပါ့ကွာ ငါ့သမီးလက်ထက်ရောက်မှ နှစ်ဆပိုအောင်မြင်လာတာကွ"
" ဟန်လေးကတော့ တကယ်ကိုအားကိုးရတဲ့ သမီးလိမ္မာလေး ပဲနော်"
" မဟုတ်တာ အကိုရယ် ဟန်လေးက ဒယ်ဒီတို့ကြိုးစားထားပြီးသားကို အဆင်သင့်ထပ်တိုးလုပ်ပေးရုံပါနော်"
" ဟော ဘာပဲဖြစ်ဖြစ် ဟန်လေးတော်လို့ ခုထိအောင်မြင်ရပ်တည်နိုင်တာပေါ့ နော်ဟုတ်တယ်မလားအန်တီ"
" ဟာ တော်ပါတော့အကိုရယ် အဲ့လောက်မြှောက်နေတာ ရှက်လာပြီ"
" ဟာ တို့သမီးကတော့ သူ့သတို့သားလောင်းရှေ့ကို ရှက်နေပြီဟေ့"
"ဟုတ်ပါ့တော် ဟား ဟား"
ဟန်လေးတဲ့ နန်း လည်းခေါ်ခွင့်ရချင်တဲ့နာမ်စားလေး သူသိပ်ပျော်နေပါတယ် ရှက်တဲ့မျက်နှာလေးကလည်း ရဲပြီး ပိုလှနေတော့တာပါပဲ ကိုယ်ရှေ့မြင်ခွင့်မရတဲ့ အပြုံးလေးကို အဝေးကနေပဲခိုးပြီးလှမ်းကြည့်နေရတာပေါ့ သူပျော်တာပျော်ရင် နန်း ထပ်တူပျော်ပါတယ် ရင်ထဲတော့နာကျင်ရပေမယ့်လည်း
YOU ARE READING
မြေခခဲ့ရသော မာနတစ်စုံ
Romanceနန်းမြတ်သူ စတွေ့တည်းချစ်မိနေသော်လည်း အလှမ်းဝေးလွန်းတဲ့အနေထားကြောင့် မိမိအချစ်ကိုမြိုသိပ်ပြီး နာကျင်နေရသူ ဟန်ဆုရီ ခနတာမြင်မိတဲ့ လွဲမှားတဲ့အမြင်တခုကြောင့် ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကို မေ့ထားကာမာနနဲ့ဆိုးရွားစွာဆက်ဆံတတ်သူ သူတို့နှစ်ယောက်ရဲ့ မလှပတဲ့တွေ့ဆုံမ...
