ဘာလိုလိုနဲ့ နန်း လည်းအလုပ်လုပ်လာတာ ၃ လလောက်ရှိနေပြီဖြစ်သည် ဒီနေ့တော့ ဖေဖေနဲ့မောင်လေးကိုသွားပြန်တွေ့ဖို့ လုပ်ထားသည် လွမ်းလည်းလွမ်းလှပြီလေ ဖုန်းအဆက်အသွယ်တော့ရှိပေမယ့် လူချင်းတွေ့ရတာနဲ့မတူတော့ ဒီနေ့ခွင့်ယူပြီးသွားတွေ့ဖို့လုပ်ထားတာကို ဟန် ကသိပြီးသူကိုယ်တိုင်လိုက်ပို့ပြီး သူပါလိုက်ခဲ့မယ်တကဲကဲလုပ်နေတော့သည်
" နန်း ကလည်းလုပ်ပါနော် လိုက်ခဲ့မယ်လေနော် ဦးလေးနဲ့မောင်လေးကိုလည်း လိုက်တွေ့ချင်လို့ပါနော် နော်လို့ နန်း"
" ဟန်ရယ် နန်းကမခေါ်ချင်လို့ပြောနေတာမဟုတ်ပါဘူး နန်း တို့ရပ်ကွက်ကဆင်းရဲတယ်လေ ဟန် လိုက်ရတာအဆင်မပြေမှာစိုးလို့ပါ ပြီးတော့ နန်းညတ်ု့အိမ်ကလည်း ဟိုသေးသေးလေးရယ် ဟန် အနေရကြပ်ပြီး မနေတတ်မှာစိုးလို့ပါ"
" ဟာ ဟန် လိုက်လည်းလိုက်တတ်တယ် နေလည်းနေတတ်တယ် မရဘူးလိုက်မှာပဲ နန်း အဲ့တာကြောင့်မခေါ်တာကိုသဘောမကျတာ နန်း နဲ့အတူသာဆို ဘယ်လိုနေရာမျိုး ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ဟန်နေတတ်တယ်နော် အဲ့တာကြောင့် တွေးပူမနေနဲ့နော်"
" ဟင်းး ဟုတ်ပါပြီ ပြောမရလည်း ဟန့် သဘောပါပဲ ခုအဆင်သင့်ဖြစ်ရင်သွားရအောင်"
" အိုကေ အိုကေ အဝတ်စားလဲပြီးလာခဲ့မယ် ခနစောင့်နေနော်"
ဒီလိုနဲ့ နန်းတို့ဖေဖေ့အိမ်ရောက်လာကြပြီး
" ဖေဖေရေ ဖေဖေ မောင်လေးရေ "
" ဟာမမ မမ လာလည်တာလား မောင်လေးကတအားလွမ်းနေတာ"
ဆိုပြီးလာဖက်ပြီး နောက်မှဖေဖေကထွက်လာပြီး
"ငါ့သမီးကြီးလာလာ ဖေဖေကလည်း သတိရတေတာ ထိုင်ကြအုန်း နောက်မှာဧည်သည်လည်းပါတာကို"
" ဟုတ်ကဲ့ ဖေဖေ ဒါကသမီးအလုပ်လုပ်နေတဲ့ အိမ်ကသမီးအငယ်လေး ဟန်ဆုရီတဲ့ ဖေဖေ ဟန် ဒါနန်းဖေဖေ ဒါကနန်းမောင်လေး နောင်လေးကတော့ ဒုတိယနှစ်တက်နေတာလေ"
" ဟူတ် တွေ့ရတာဝမ်းသာပါတယ် ဟန့် ကိုလည်း ဦးတို့သမီးလိုသဘောထားပြီး အမြင်မတော်တာရှိရင်ဆုံးမပေးပါနော် မောင်လေးလည်း ကျောင်းတက်နေတာဆိုတော့ တခုခုလိုတာရှိရင် အမကိုပြောနော် အမကူညီနိုင်သလောက်ကူညီပေးမယ် အမကိုမပြောချင်ရင်လည်း နန်း ကတဆင့်ပြောခိုင်းလည်းရတယ်နော်" (ဟန်တို့ကတော့ မတော်ရသေးတဲ့ ယောက္ခမနဲ့ယောက်ဖကိုဖားနေပါပြီနော်🤭🤭)
YOU ARE READING
မြေခခဲ့ရသော မာနတစ်စုံ
Romanceနန်းမြတ်သူ စတွေ့တည်းချစ်မိနေသော်လည်း အလှမ်းဝေးလွန်းတဲ့အနေထားကြောင့် မိမိအချစ်ကိုမြိုသိပ်ပြီး နာကျင်နေရသူ ဟန်ဆုရီ ခနတာမြင်မိတဲ့ လွဲမှားတဲ့အမြင်တခုကြောင့် ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကို မေ့ထားကာမာနနဲ့ဆိုးရွားစွာဆက်ဆံတတ်သူ သူတို့နှစ်ယောက်ရဲ့ မလှပတဲ့တွေ့ဆုံမ...
