Part 17

9.2K 189 11
                                        

နန်း တို့အိမ်ရှေ့ရောက်တော့ ခြံသန့်ရှင်းရေးလုပ်နေတဲ့ သူ့မောင်ကိုတွေ့ရသည် နန်းကိုတော့မတွေ့မိ

" မောင်လေးရေ မောင်လေး"

" ဟင် ခင်ဗျား ဘာလာလုပ်တာလဲ ခုချက်ချင်းကျွန်တော့ခြံရှေ့ကထွက်သွား "

" ဟိုဟို အမနန်းနဲ့တွေ့ချင်လို့ပါ အမရှင်းပြစရာလေး! "

" ဘာမှမကြားချင်ဘူး ခင်ဗျား ကျွန်တော့အမကိုဘာတွေဒုက္ခထပ်ပေးအုန်းမလို့လဲ ခုထွက်သွားနော် မဟုတ်ရင် ကျွန်တော် ခင်ဗျားကိုတခုခုထလုပ်မိလိမ့်မယ်"

" သားရေ အန်တီတို့က သူ့အမေပါကွယ် အန်တီတို့ နန်းလေးကိုရော သားတို့ကိုရောပါ ရှင်းပြစရာလေးတွေရှိနေလို့ပါကွယ် အထဲဝင်ခွင့်ပြုပါနော် နန်း နဲ့လည်းတွေ့ပါရစေ"

" သားရယ် ဧည့်သည်တွေပြောစရာရှိတယ်ပြောတယ်လေကွယ် လာ ဝင်ကြပါဗျာ အိမ်ကတော့ ကျဉ်းတယ်ဗျ အဆင်ပြေသလိုထိုင်ကြနော် နန်း ကလမ်းထိပ်ခနသွားနေတာဗျ ခုတောင်ပြန်ရောက်သင့်နေပြီကို ဘာလို့မလာသေးပါလိမ့်"

ထိုချိန်
"ဗျို့ ကိုကြီး မင်းမြတ်ရေ ကိုကြီးမင်းမြတ်"

" ဘာတုန်းဟ ရေးငြီးသုတ်ပြာနဲ့"

" ဟိုဟို မမနန်းကို လမ်းထိပ်မှာ ကားအနက်ကြီးနဲ့ လူတစ်ယောက် အတင်းချုပ်ပြီးဖမ်းခေါ်သွားတာတွေ့လို့"

" ဘာ!"

" မာမီ ဒါဒါ ရန်နိုင်ဖြစ်ရမယ် အဲ့ကားခုဘယ်ဘက်ထွက်သွားတာလဲကြာပြီလားဟင်"

" မကြာသေးဘူးဗျ လမ်းမဘက်ထွက်သွားတာ"

သည်လိုနဲ့ ဟန်လည်း ကားမောင်ပြီး သူတို့သွားတဲ့လမ်းအတိုင်းအရှိန်တင်ပြီး လိုက်လာခဲ့တာ လမ်းမမရောက်ခင်စပ်ကြားလေးမှာပဲ သူ့ကားကိုတွေ့တော့နောက်ကအမီလိုက်နေမိသည် သူကလည်း ကျမကား လိုက်လာတာကိုသိသွားပြီး အရှိန်ပိုတင်ကာ မောင်းလာသည်မှာ လူပြတ်သော လယ်ကွင်းတွေပဲရှိတဲ့ဘက်ကိုရောက်လာပြီဖြစ်သည်

ကျမလည်းနောက်ဆုံးအရှိန်ကုန်သုံးတင်ပြီး သူ့ကားရှေ့ပိတ်ရပ်ပစ်လိုက်ပြီး ကားပေါ်ကဆင်းချလာသည်

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now