Part 10

4.3K 119 10
                                    

ကျမတို့ တနေကုန်လျှောက်လည်ပြီး ဟိုတယ်ပြန်ရောက်လာတော့ ရှေ့မှာ ကိုရန်နိုင်ရပ်စောင့်နေတာတွေ့လိုက်ရသည် ကိုရန်နိုင်ကိုတွေ့တော့ ကျမတွဲလာတဲ့ နန်း လက်ကိုရုတ်တရက်လွှတ်ချလိုက်မိသည် ထိုအရာကို နန်း ကတချကိတော့မျက်နှာညိုးငယ်သွားသည်

" ဟန်လေး အကိုအလုပ်ကပြန်ရောက်တည်းက မတွေ့တာနဲ့ ဖုန်းတွေခေါ်နေတာ ဘယ်တွေသွားနေတာလဲ ဖုန်းလည်းမကိုင်ဘူး အကိုဘယ်လောက်စိတ်ပူနေလဲသိရဲ့လား"

ဆိုပြီး ကျမလက်ကိုလာကိုင်ပြီးမေးတော့ နန်း ကမျက်နှာလွှဲပြီး အခန်းထဲဝင်သွားသည်။ကျမလည်း အကို့လက်ထဲက ကျမလက်ကိုအသာလေးဆွဲဖယ်လိုက်ပြီး

" ဟုတ်ကဲ့ ဟန်လေးလည်း အားနေတာနဲ့ အပြင်ထွက်ပြီး လျှောက်လည်နေတာပါ တစ်ယောက်တည်းမသွားချင်တာနဲ့ နန်း ကိုပါခေါ်သွားလိုက်တာ ဖုန်းကအသံပိတ်ထားတာကြောင့် မသိလိုက်တာပါ ခုလည်းပြန်ရောက်နေပြီပဲ စိတ်မပူနဲ့တော့နော်"

" ဟုတ်ပါပြီ အာ့ဆိုနားအုန်းလေ အကိုညစာစားဖို့စောင့်နေမယ် အလုပ်ကိစ္စလေးလည်းပြောပြရင်း"

" အာ့ အကိုဟန်လေးပင်ပန်းလာလို့ အခန်းထဲပဲမှာပြီး စားလိုက်တော့မယ် အပြင်မထွက်လာချင်တော့လို့ အလုပ်ကိစ္စမနက်မှပဲပြောကြတာပေါ့နော်"

" အင်းလေ ဟန်လေး ပင်ပန်းနေတော့လည်း ဘယ်တတ်နိုင်မလဲအကိုတစ်ယောက်တည်းပဲစားရတော့မှာပေါ့ အေးဆေးနားလိုက်အုန်းနော်"

" ဟုတ်ကဲ့အကို"

အစကတော့ ကျွန်တော် သိပ်သတိမထားမိပေမယ့် ဒီရက်ပိုင်း သူတို့နှစ်ယောက်ရဲ့ပုံစံတစ်မျိုးဖြစ်လာတာကိုသတိထားမိတယ် ဘာမှန်းကျွန်တော်မသိပေမယ့် ကျွန်တော့စိတ်ထုတခုခုကိုတော့ထင့်နေမိတယ်
___
ကျမလည်း ကိုရန်နိုင်နဲ့စကားပြောပြီး အခန်းထဲပြန်ဝင်လာတော့ နန်း ကကုတင်တဖက်မှာ ကျမကိုကျောပေးပြီးလှဲနေလေရဲ့ ကျမလည်းဘေးတွင်ဝင်လှဲကာနောက်ကနေ သိုင်းဖက်လိုက်ပြီး

" နန်း ဟန့်ကိုစိတ်ဆိုးသွားသလားဟင် ဟန် တောင်းပန်ပါတယ်နော် ဟန်တို့အခြေနေကဘာမှမဖြေရှင်းရသေးဘူးလေ အဲ့တာကြောင့် ဟန် ဘယ်သူ့ကိုမှ မထိခိုက်စေချင်လို့ ကိုရန်နိုင်ကိုလည်း နောက်ကျ ဟန် သေချာဖြေရှင်းမှာပါ မဖြေရှင်းခင်သေးထိတော့ ပေါ်ပေါ်တင်တင်နေပြတာက သူ့အတွက်ရော ဟန့်အတွက်ရော မကောင်းဘူးထင်လို့ပါ စိတ်မဆိုးပါနဲ့နော် ပြွတ်စ်"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now