ဟန့် ကိုဆေးရုံရောက်တာနဲ့အရေးပေါ်ခန်းထဲ ခေါ်သွားကြပြီး နန်း ကတော့အပြင်မှာသာကျန်ခဲ့ရသည် နန်း ထပ်အဆုံးရှုံးမခံနိုင်တော့ပါ ဟန်ပြန်လာမှဖြစ်မည် သွေးတွေပေကြံနေတဲ့လက်ကိုရော အကျီတွေကိုလည်းဂရုမစိုက်နိုင် အရေးပေါ်ခန်းရှေ့တွင်သာ ငိုကြွေးနေမိသည်
နောက်တော့ဟန့်ရဲ့မိဘတွေရော နန်း ရဲ့ဖေဖေနဲ့မောင်လေးပါရောက်လာကြတယ်
" သမီးနန်း သမီးလေးကသတိရလာမှာပါကွယ်သူက နန်း ကိုသိပ်ချစ်ရှာတာ သူနန်းကိုမထားခဲ့နိုင်ပါဘူးနော် စိတ်ကိုအေးအေးထားနော် ကိုယ်ဝန်ကြီးနဲ့မလား အားနည်းလို့မဖြစ်ဘူးလေနော်"
"ထို့နောက်ဆရာဝန်ထွက်လာတော့ လူနာကအသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပါဘူးခင်ဗျာ ခနနေလူနာခန်းကိုရွှေ့ပြီးရင် လူနာကိုကြည့်လို့ရပါပြီ"
" ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်ဆရာရယ်"
" ရပါတယ်ဗျာ"
ဟန် သတိရလာတော့နော် နန်း အရမ်းလွမ်းနေပြီ
" သမီး တခုခုစားပြီး နားလိုက်ပါအုန်းနော် ဒါမှ သမီးဟန်နိုးလာရင် အားရှိနေမှာလေကွယ်"" အန်တီ နန်း တောင်းပန်ပါတယ်နော် နန်းကြောင့်ခုလိုတွေဖြစ်ရတာ"
" အိုမဟုတ်တာသမီးရယ် သမီးကြောင့်မဟုတ်ပါဘူးကွယ် အဲ့လိုတွေမတွေးနဲ့နော် အန်တီတို့သမီးပြောပြလို့အကုန်သိထားပြီးပါပြီ နန်းကိုချွေးမတော်ရမယ်ဆိုလို့ အန်တီတို့ကပိုတောင်ပျော်နေတာ မငိုနဲ့တိတ်တော့နော်"
" ဟုတ်ကဲ့ အန်တီ"
ထိုချိန်
" ဟင်း အင်း နန်း နန်း"" ဟင် ဟန် ဟန် သတိရလာပြီလား "
"ရေရေဆာတယ်"
" အာရေ တိုက်မယ်ခနလေးနော်"
ဂွမ်းလေးနဲ့ တိုက်လိုက်တော့အတော်ဆာနေသည်ထင်သည် တော်တော်များများသောက်သွားသည်" သမီးသတိရလာပြီလား"
" ဟုတ်မာမီ နန်း လာပါအုန်း
" ဟင့် ဟင့် ကျေးဇူးတင်ပါတယ် မြန်မြန်သတိရလာပေးလိူ့ နန်းအရမ်းလွမ်းနေတာ သိရဲ့လား ဟင့် ဟီးး"
![](https://img.wattpad.com/cover/371454234-288-k947147.jpg)
YOU ARE READING
မြေခခဲ့ရသော မာနတစ်စုံ
Romanceနန်းမြတ်သူ စတွေ့တည်းချစ်မိနေသော်လည်း အလှမ်းဝေးလွန်းတဲ့အနေထားကြောင့် မိမိအချစ်ကိုမြိုသိပ်ပြီး နာကျင်နေရသူ ဟန်ဆုရီ ခနတာမြင်မိတဲ့ လွဲမှားတဲ့အမြင်တခုကြောင့် ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကို မေ့ထားကာမာနနဲ့ဆိုးရွားစွာဆက်ဆံတတ်သူ သူတို့နှစ်ယောက်ရဲ့ မလှပတဲ့တွေ့ဆုံမ...