Extra

7K 161 24
                                    

3 နှစ်ခန့်ကြာပြီးသော်

" ဟန်ဆုရီ!!"

" ဟင် ဟင် ဘာဖြစ်လို့လဲ နန်း ဘာဖြစ်လို့လဲ"

" ကျမဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ဘူး ဟင်းချက်နေတုန်း သမီးကိုခနထိန်းခိုင်းထားတာလေ ဘယ်လိုတွေဖြစ်လို့ အဲ့လောက်တောင်အိပ်ပျော်ရတာတုန်း သမီးကိုလည်းကြည့်ပါအုန်း"

ဟုတ်ပါသည်လေ ဟန် ကလေးထိန်းပေးနေတုန်း မှေးခနဲအိပ်ပျော်သွားတာ သမီးလေးကဘေးမှာ နို့ဘူးဖွင့်ပြီး နို့မှုန့်တွေထိုင်စားနေတာ ပွေပွပြီး ဧည့်ခန်းတခန်းလုံးလည်းညစ်ပတ်နေလေသည်

" ဟို နန်းရယ် ဟန်လည်းမှေးခနဲခနအိပ်ပျော်သွားတာပါ နန်း လည်းသိတဲ့အတိုင်း ညကပင်ပန်းထားတာကို ဟိဟိ"

" တိတ်စမ်း ကလေးရှေ့မဟုတ်ဟုတ်ကပြောဖို့မစဉ်းစားနဲ့ အဲ့တာတွေရှင်းထား လာမေမေ့သမီးလေးကမေမေနဲ့ရေသွားချိုးမယ်နော် ညစ်ပတ်အိုးလေး လာပါအုန်း"

" ယေး မေနဲ့ရေတူတူချိုးမယ် ဟိဟိ မာမီကနေခဲ့ဟိဟိ🤭🤭"

ဟင်းး သူတို့သားမိကတော့ကော့ကော့နဲ့တက်သွားလိုက်ကြတာ ဟန်တစ်ယောက်တော့ ရုံးပိတ်လု့ဆိုပြီး ညက ကလေးကိုသူ့အဘွားအခန်းထဲသိပ်ပြီးကြမ်းလိုက်တာ ခုတော့အိပ်ပျော်သွားလို့ အိမ်သန့်ရှင်းရေးလုပ်နေရပြီ ဟင်းးး ညမှတွေ့အုန်းမယ် ဟင့်ဟင့် ဆိုပြီးတစ်ယောက်တည်းကြိတ်တွေးကာ ပြုံးနေတော့သည်။
__
ဒီလိုနဲ့ မာမီနဲ့ဟန်ကစကားပြောနေပြီး နန်းကသမီးလေးကိုထမင်းခွံ့ကျွေးနေတုန်း
"ဘွားဘွား"

" ရှင့် ဘွားမြေးလေးပြောပါရှင်"

" မီးဘွားဘွားကို မာမီအကြောင်းတိုင်စရာရှိတယ်"

ဟန် ရုတ်တရက် ကြောင်သွားသည် ဒီကလေးမာမီ့
ကိုဘာများတိုင်ဖို့တွေးနေပါလိမ့်

" ဟော မြေးလေးမာမီက ဘာလုပ်လို့တုန်းပြောပြော ဖွားကိုပြော"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now