Part 5🔞🔞

10.4K 166 12
                                    

နောက်တစ်နေ့ မနက်ရောက်တော့မနက်စာစားချိန်မှာတော့ အရာအားလုံးပုံမှန်အတိုင်းပါပဲ သူကလည်းနန်းနဲ့ပတ်သက်ပြီး အထူးတလည်ဘာမှထူးခြားမနေခဲ့ပါဘူး။ သူမမှတ်မိတာလား တမင်ပဲမသိချင်ယောင်ဆောင်နေတာလား နန်း မသိတော့ပါ

" သမီး ညကဘယ်ချိန်ပြန်ရောက်လဲ မာမီတို့လည်းအိပ်ချင်လာတာနဲ့ နန်းကစောင့်မယ်ပြောလို့အိပ်လိုက်တာ"

" ဟုတ် သမီး မမှတ်မိဘူးမာမီ ညကဘယ်လိုပြန်ရောက်လာလဲတောင် ဒီမနက်သူငယ်ချင်းဖုန်းဆက်မှ သူပြန်လိုက်ပို့မှန်းသိရတာ ကားတောင်အဲ့မှာထားခဲ့ရတာ"

" သမီးရယ် နောက်ဆိုဒီလိုအသိစိတ်လွတ်တဲ့ထိမသောက်နဲ့ကြားလား မတော်တဆတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ မူးနေချိန်တခြားသူအပေါ်အမှားလုပ်မိရင်လည်းမကောင်းဘူး"

" ဟုတ်မာမီ နောက်တခါဆင်ခြင်ပါ့မယ်"

တကယ်တော့ သူ့သမီးကတော့အကြီးဆုံးအမှားကိုကြူးလွန်မိပြီးပါပြီ အိမ်ဘယ်လိုပြန်ရောက်လဲတောင် မမှတ်မိတာ နန်း နဲ့ကိစ္စကိုဘယ်မှတ်မိပါ့မလဲ နန်းငိုချင်လာတာနဲ့ အဲ့ကနေ ချက်ချင်းပင်လှည့်ထွက်ပြီး အခန်းထဲတွင် ငိုကြွေးနေမိသည်။ နန်းကျမှ ဘာလို့ ဒါမျိုးတွေ လာဖြစ်နေရတာလဲ နန်း အနှစ် ၃၀ ကျော်နီးပါးထိန်းသိမ်းလာခဲ့တဲ့အပျိုစင်ဘဝက ခနလေးအတွင်းပျက်စီးခဲ့ရပြီး မူးနေလို့ မမှတ်မိဘူးတဲ့လား။ နန်း ဘယ်တတ်နိုင်ပါ့မလဲ နန်းဘဝနဲ့နန်းပဲပေါ့လေ။

ဒီနေ့ကျမ ညကအရှိန်နဲ့ရုံးတောင်မသွားနိုင်ပဲ အရက်နာကျနေမိသည်။ ညက ဟိုတစ်ယောက်စောင့်နေတာတဲ့ အခန်းထဲကိုလည်းသူပဲပြန်ပို့တာလို့ကြားတယ် သူ့ကိုမူးပြီးတခုခုလုပ်လိုက်မိသေးလား ကျစ် ဘာမှကိုမမှတ်မိတော့ပါ လုပ်မိရင်တော့သူတခုခုပြောမှာပါ ခုတောင်သူကအေးဆေးပဲကို ဒေါက် ဒေါက် (တံခါးခေါက်သံ)

" ဘယ်သူလဲ"

" မမလေး နန်းပါ အန်တီကပျားသံပရာလေးဖျော်ပြီးပို့ခိုင်းလို့ပါ"

" ဝင်ခဲ့ ဒီမှာ ရှင်ကျမကိုညကအခန်းထဲလိုက်ပို့ပေးတာဆို ကျမရှင်နဲ့တခုခုဖြစ်ခဲ့သေးလား"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now