Part 9

5.3K 118 4
                                    

ကျမနိုးလာတော့ နာရီကြည့်မိလိုက်တော့ မနက် ၁၀ နာရီပင်ထိုးနေပြီဖြစ်သည် သူကတော့ ကျမရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိပ်ပျော်နေသည်မှာ ကလေးလေးတစ်ယောက်လိုပင် ချစ်ဖို့ကောင်းလှသည် ကျမလည်းမထသေးပဲ သူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေမိသည် ကျမသေချာသိခဲ့တာကကျမသူ့ကိုချစ်မိနေပါပြီ ကျမအချစ်တွေကိုလည်းဝန်ခံချင်မိသည် သို့သော်ကျမမြင်ကွင်းထဲ ဟိုတယ်ထဲမှာယောက်ျားတစ်ယောက်နဲ့မြင်ကွင်းက ခနခနဝင်လာတဲ့ချိန် ကျမစိတ်တွေရှုပ်လာရသည် ကျမလည်းချက်ချင်းထပြီး ရေချိုးပြင်ဆင်လိုက်တော့သည်
_
နန်း နိုးလာတော့ ဘေးနားတွင် သူမရှိတော့ပါ ကျမညကအကြောင်းကိုပြန်တွေးမိတော့ ရှက်လွန်းလို့သေချင်တာပါပဲလေ သူရှိမနေလို့တော်ပါသေးရဲ့ တွေးနေတုန်းပင် သူကရေချိုးခန်းထဲကထွက်လာသည်

" ရှင်နိုးပြီလား ထတော့လေ နောက်ကျနေပြီ မနက်စာလည်းမစားဖြစ်တော့ နေ့လည်စာတခါတည်းသွားစားရအောင် ကျမဗိုက်ဆာနေပြီ"

" ဟုတ်ဟုတ် နန်း ခုပဲမြန်မြန်ချိုးလိုက်ပါမယ် မမလေး ခနလေးစောင့်ပါနော်"

" ဟန် "
" ရှင် မမလေး"
" ဟန်လို့ပဲခေါ် ညကလို"
" ဟင် တကယ် တကယ် အဲ့လိုခေါ်လို့ရလားဟင်"
" အင်း ခေါ်"
" ဟုတ်ဟုတ် မမလေး အယ် ဟန် ဟန် ဟီးး အာ့ဆို နန်း ရေချိုးလိုက်အုန်းမယ်နော် ခနစောင့်နော် တူတူသွားမယ်နော် စောမသွားနဲ့အုန်းနော်"

ဆိုပြီးစောင်ကြီးပတ်ကာရေချိုးခန်းထဲပြေးဝင်သွားသည်။ သူဆိုတာလည်း တစ်ညလုံးမမြင်ဖူးတဲ့နေရာမရှိတာတောင် ရှက်နေသေးတာပါလေ ဟင့် ကျမသူ့ကိုကြည့်ပြီးပြုံးမိပြန်ပါပြီ သူရေချိုးပြီးပြန်ထွက်လာတော့

" ဟို ဟန် နန်းအဝတ်စားလေးလဲချင်လို့လေအဲ့တာ ဟန် အပြင်ကနေပဲစောင့်ပေးပါလားဟင်"

" ဟင့် ဒီမှာ မင်းကိုငါမမြင်ဖူးတဲ့နေရာရှိသေးလို့လား"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now