ခွမ်း ခလွမ်း အခန်းတစ်ခန်းထဲမှာတော့ ယောက်ျားတစ်ယောက်ကသူ့မျက်စိရှေ့ကပုံတွေကိုကြည့်ပြီး ပေါက်ကွဲနေသည် ထိုအမျိုးသားကတော့ ရန်နိုင်
" တောက်ခ် ပြင်ဦးလွင်ကပြန်လာတည်းက သူတို့နှစ်ယောက်ကို မသက်ာလို့စောင့်ကြည့်နေတာ ထင်တဲ့အတိုင်းပဲ သူတို့ကဒီအခြေအနေထိတောင်ဖြစ်နေကြပြီကို ဟင်အင်းမရဘူး ဟန်လေး ငါကမင်းကိုငယ်ငဉ်လေးတည်းကအရိပ်တကြည့်ကြည့်နဲ့ချစ်လာရတာ ခုလိုငါပိုင်ဆိုင်ရခါနီးမှ သူများလက်ထဲအပါမခံနိုင်ဘူး အထူးသဖြင့် ငါ့လောက်တောင် ဘာအဆင့်မှမရှိတဲ့အိမ်ဖော် မိန်းမတစ်ယောက်ရဲ့လက်ထဲကို မင်းကငါနဲ့ပဲယူရမယ် ဟန်ဆုရီ"
ဆိုပြီးပြောဆိုကာ ဒေါသထွက်ပြီး မြင်မြင်သမျှရိုက်ခွဲနေတော့သည်။
___
နန်း ဒီရက်ပိုင်း ကိုယ်လက်တွေကိုက်ခဲကာ ခေါင်းမူးပြီး နည်းနည်းလေးအလုပ်လုပ်တာနဲ့ပင်ပန်းနေသည် ဟန် ကလည်းအလုပ်တွေများနေတာရော အိမ်မှာလူကြီးတွေရှိနေတာရောကြောင့် ညဘက်လောက်ခနတွေ့ဖြစ်ကြသည် ဟန့် အခန်းလည်းသွားမအိပ်ဖြစ်သေးပါ ခနခနဆိုမကောင်းဘူးလေ ကြာရင်တစ်ယောက်ယောက်မြင်သွားနိုင်တာကို
" ဟိတ် နန်း အာဘွား"
" အမယ်လေး ဟန် ရယ်လန့်လိုက်တာ ဖြည်းဖြည်းမခေါ်ဘူးလူကို"
" ဟီးး နန်း ကငုတ်တုတ်ကြီးထိုင်ပြီး ငိုင်နေတာတွေ့တော့ စလိုက်တာပါ ဘာတွေတွေးနေတာတုန်း နန်းလေးရဲ့"
" ဘာမှမတွေးပါဘူး ဟန် ရယ်ဒီရက်ပိုင်းနေလို့သိပ်မကောင်းချင်လို့ပါ ခေါင်းတွေမူးမူးပြီး နုံးချင်သလိုဖြစ်နေလို့"
" ဟင် နန်း နေမကောင်းဘူးလား အဲ့တာဟန့်က်ုဘာလို့အစောတည်းကမပြောရတာလဲ နန်း ရယ် ကိုယ်တော့မပူပါဘူးခေါင်းမူးနေတယ်မလား လာထ ဟန်နဲ့ဆေးခန်းသွားပြကြမယ်နော်"
ဆိုပြီး နန်း နဖူးကိုစမ်းကာ ဆေးခန်းသွားမယ်တကဲကဲလုပ်နေတော့သည်
" ဟန် ရယ်ဆေးခန်းသွားစရာထိမလိုပါဘူး ဆေးသောက်လိုက်ရင် သက်သာပါတယ် "
" ဟာ နန်း ကလည်းဆေးခန်းသွားတော့ ပိုစိတ်ချရတာပေါ့လို့ ဆေးသောက်ပြီး မသက်သာရင်ဘယ်လိုလုပ်မလဲ"
YOU ARE READING
မြေခခဲ့ရသော မာနတစ်စုံ
Любовные романыနန်းမြတ်သူ စတွေ့တည်းချစ်မိနေသော်လည်း အလှမ်းဝေးလွန်းတဲ့အနေထားကြောင့် မိမိအချစ်ကိုမြိုသိပ်ပြီး နာကျင်နေရသူ ဟန်ဆုရီ ခနတာမြင်မိတဲ့ လွဲမှားတဲ့အမြင်တခုကြောင့် ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကို မေ့ထားကာမာနနဲ့ဆိုးရွားစွာဆက်ဆံတတ်သူ သူတို့နှစ်ယောက်ရဲ့ မလှပတဲ့တွေ့ဆုံမ...
