ဒီလိုနဲ့ နန်း တစ်ယောက်အိမ်ပြန်ရောက်လာတော့ အထုတ်တစ်ထုတ်နဲ့ပြန်လာတဲ့ နန်း ကိုဖေဖေဟောမောင်လေးရောကအစကကြောင်ကြည့်နေပြီးမှနောက်တော့ လာကြိုကာအထဲဝင်ထိုင်ကြတော့
" မမ ဘယ်လိုဖြစ်လို့လဲ ဘာလို့အထုတ်ကြီးဆွဲလာတာလဲ အလုပ်ကထွက်လာတာလားဟင် ဒါမှမဟုတ် မမကိုအလုပ်ဖြုတ်လိုက်ကြတာလား အမ ဟန်ဆုရီကရော သူကရောဘယ်မှာလဲ"
ဆိုပြီးမောင်လေးကတရစပ်မေးနေတော့သည် နန်း လည်းပြန်မဖြေတတ်ပါ ဘာမှလည်းပြောမထွက်ပါ
" သားငယ်ရယ် မင်းအမခုမှရောက်တာကို ဘာလို့ဆက်တိုက်မေးနေလဲ နောက်မှအေးဆေးမေးစမ်းပါကွယ် သမီးအေးဆေးနားအုန်းနော် ဘာမှမပူနဲ့နော် "
နန်း မှာထပြီး ဖေဖေရင်ခွင်ထဲဝင်ကာ အကြီးကျယ်ငိုချမိတော့သည် နန်း ရင်ထဲကြိတ်မှိတ်ပြီး ငိုကြွေးခဲ့ရတာတွေများပါပြီ ဖေဖေ့ရင်ခွင်ကသာ နန်း အတွက် အနွေးထွေးဆုံး ရင်ခွင်ပါလေ ဖေဖေကတော့ ဘာမှမမေးနန်းကိုပြန်ဖက်ပြီး ကျောလေးကိုပွတ်ပေးရင်း
" သမီးလေး တခုခု ခံစားနေရရင်ငိုချလိုက်နော် ဖေဖေရှိတယ်နော်"
ချော့တဲ့ကလေး ပိုငိုတယ်ဆိုသလိုပါပဲ ဖေဖေရှိနေပေးတော့ နန်းမှာပိုလို့ပင် ငိုကြွေးနေမိသည် ခနကြာတော့မှ နန်း ဖေဖေ့ရင်ခွင်ထဲကထွက်လိုက်ပြီး
" ဖေဖေ သမီးတောင်းပန်ပါတယ် မောင်လေး ရောမမတောင်းပန်ပါတယ်နော် "
" မမ ဘာတွေတောင်းပန်နေတာလဲဗျာ ဘာတွေဖြစ်လာတာလဲ ကျွန်တော့တို့ကိုလည်းပြောပြပါအုန်း"
" ဖေဖေ ဟိုတခါကလိုက်လာတဲ့ ဟန် ဆိုတဲ့တစ်ယောက်နဲ့ နန်း နဲ့ကချစ်သူတွေဖြစ်ခဲ့ကြပါတယ်"
" အင်း ဖေဖေရိပ်မိပါတယ်ကွယ် အဲ့တည်းက သမီးတို့နှစ်ယောက်ရဲ့မျက်လုံးတွေကိုကြည့်ပြီး"
" ဟင် ဖေဖေ ဘယ်လိုမှမဖြစ်ဘူးလားဟင် သမီးကမိန်းကလေးချင်းချစ်နေတာကိုလေ"
" ဖေဖေ့အတွက်ကတော့ ခေတ်အကြောင်းကိုတော့သေချာမသိလို့ နားလည်ပေးဖို့မလွယ်ပေမယ့် အဓိကကဖေဖေ့သမီးလေးပျော်ရွှင်ဖို့ပဲလေ သမီးပျော်ရင် ဖေဖေအားလုံးလက်ခံပေးနိုင်ပါတယ်"
YOU ARE READING
မြေခခဲ့ရသော မာနတစ်စုံ
Romanceနန်းမြတ်သူ စတွေ့တည်းချစ်မိနေသော်လည်း အလှမ်းဝေးလွန်းတဲ့အနေထားကြောင့် မိမိအချစ်ကိုမြိုသိပ်ပြီး နာကျင်နေရသူ ဟန်ဆုရီ ခနတာမြင်မိတဲ့ လွဲမှားတဲ့အမြင်တခုကြောင့် ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကို မေ့ထားကာမာနနဲ့ဆိုးရွားစွာဆက်ဆံတတ်သူ သူတို့နှစ်ယောက်ရဲ့ မလှပတဲ့တွေ့ဆုံမ...