Part 4 🔞🔞

14.3K 210 8
                                        

အဲ့နေ့ ပြီးတည်းက နန်း သူ့ကိုတတ်နိုင်သလောက် မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေမိသည် နှစ်ယောင်တည်း ရှိလာရမယ့် အချိန်တွေဆိုလည်း တတ်နိုင်သမျှအပြင်သွားပြီရ တခုမဟုတ်တခုထွက်ဝယ်ကာ အချိန်ဖြုန်းနေတတ်သည်  သူလည်း အလုပ်တွေများနေတယ်ထင်ပါတယ် နန်း ဘက်ကိုသိိပ်အာရုံ မစိုက်ဖြစ်ပါဘူး ဒီနေ့ ညစာစားပွဲရှိလို့သူအိမ်ပြန်နောက်ကျမယ်ပြောတယ် တော်တော်လေးလည်းညဉ့်နက်နေပြီ နန်း လည်းအန်တီတို့ကို အိပ်ခိုင်းထားလိုက်ပြီး နန်း ပဲစောင့်ပေးလိုက်တယ် ဒီတိုင်းကြီးမသိချင်ယောင်ဆောင်နေလို့လည်းမဖြစ်ဘူးလေ ထိုချိန် ကားဟွန်းတီးသံကြားလို့ ထွက်ကြည့်ပြီးတံခါးဖွင့်လိုက်တော့ ကောင်မလေးခပ်ငယ်ငယ်တစ်ယောက် သူ့ကိုလိုက်ပို့တာထင်ပါရဲ့ နန်း စိတ်ထဲသဝန်တိုမှုကအတိုင်းသား သူ့ကြည့်လိုက်တော့ မူးနေတယ်ထင်ပါရဲ့ ထိုမိန်းကလေးကနန်းကိုတွဲခေါ်ပြီး ဆင်းလာတော့ သူ့လက်ထဲကနေ ဟန့် ကိုလွှဲယူလိုက်သည် ဟန် ကျမစိတ်ထဲကခေါ်တဲ့သီးသန့်နာမည်လေးပါ ထိုမိန်းကလေးက

" ဟန် မူးနေလို့ လာပို့ပေးတာပါ သူ့ကားကိုတော့ ဟိုတယ်မှာထားခဲ့လိူက်တယ်လိူ့ ညီမလိုက်မပို့ပေးတော့ဘူးနော် အဆင်ပြေတယ်မလားရှင့်"

" ဟုတ်ကဲ့ ပြေပါတယ် လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်နော် "

" ဟုတ်သွားလိုက်ပါအုန်းမယ်"

နန်းလည်း သူ့ကိုခြံထဲကခုန်ပေါ်ခနချပြီး ခြံတံခါးသော့ပိတ်ကာသော့ပိတ်ကာ သု့ကိုစိတ်ထဲကနေမကျေမနပ်ပြောဆိုပြီး အခန်းထဲတွဲလိုက်ပို့ပေးရသည် မိန်းကလေးတန်မဲ့ဒီလောက်ထိသောက်ရလား တခုခုဖြစ်သွားဘယ်လိုလုပ်မလဲ မိန်းကလေးချင်တောင်စိတ်ချရတာမဟုတ်ဘူးတခြားမိန်းကလေးကလိုက်ပို့တည အန္တရာယ်ကများပါဘိနဲ့ (နန်းတို့ကတော့ ရှောင်သာရှောင်နေတာ သဝန်ကတော့ ရှည်တိုနော်🤭)

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now