ဒီလိုနဲ့ နန်းတစ်ယောက်အလုပ်လုပ်ဖို့စရောက်လာရပြီဖြစ်သည်။ အိမ်ကြီးကတော့ ၃ ထပ်တိုက်ကြီးဖြစ်ပြီး ခြံကလည်းအလွန်ကျယ်ဝန်းတာကြောင့် ကြည့်လိုက်တာနဲ့တင် တော်ရုံချမ်းသာမှုမျိုးတော့မဟုတ်ပေ။ ဒီလိုနဲ့အိမ်ထဲဝင်လာတော့ ဧည့်ခန်းတွင်အန်တီတစ်ယောက်ကစီးကြိုနေပြီး
" ထိုင်သမီး ဝေဝေက သမီးလာမယ်လို့ပြောထားလို့စောင့်နေတာ"
" ဟုတ်ကဲ့ပါအန်တီ"
" အင်း သမီးအကြောင်းတွေကိုတော့ ဝေဝေ့ဆီကနေ တော်တော်များများသိထားပြီးပါပြီ ကြားရတာတော့ စိတ်မကောင်းပါဘူး"
" ရပါတယ် အန်တီရယ် နန်းကိုအလုပ်ခန့်ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ"
" ရပါတယ်ကွယ် အိမ်အကြောင်းနဲ့လုပ်ရမယ့်အလုပ်အသေးစိတ်ကိုတော့ မိအေးကပြောပြပေးလိမ့်မယ်နော် ဒီနေ့နားလိုက်ပေါ့ မနက်ဖြန်အလုပ်စလုပ်ပေါ့နော် မိအေး သမီးနန်းကိုနေ့ရမယ့်အခန်းကိုလိုက်ပြလိုက်နော်"
" ဟုတ်ကဲ့ သွားခွင့်ပြုပါအုန်းနော် အန်တီ"
" ကောင်းပါပြီကွယ်"
အိမ်ပိုင်ရှင်အန်တီကတော့ မမောက်ပါပဲ အေးအေးဆေးဆေးလေးကောင်းကောင်းဆက်ဆံပေးလို့ နန်းအသက်ရှူချောင်ရတော့တယ် မဟုတ်ရင် နန်းမှာရင်တုန်နေရလွန်းလို့
ဒီလိုနဲ့ မိသားစုလေးယောက်ရှိတာ ၃ ယောက်လုံးနဲ့တော့ တွေ့ပြီးလို့အဆင်ပြေပြေရှိပါတယ် အလုပပ်လည်းလုပ်ရတာအခက်ခဲမရှိဘူး နည်းနည်းပင်ပန်းတာကလွဲလို့ သမီးအငယ်ကတော့ နိုင်ငံခြားထွက်သွားတယ်ပြောတယ် အဲ့ညီမကလည်း ကျန်တဲ့မိသားစုဝင်တွေလိုပဲစိတ်သဘောထားကောင်းမှာပါ လို့တွေးနေတော့သည်။ နောက်တရက် ညနေလောက်တွင်
YOU ARE READING
မြေခခဲ့ရသော မာနတစ်စုံ
Lãng mạnနန်းမြတ်သူ စတွေ့တည်းချစ်မိနေသော်လည်း အလှမ်းဝေးလွန်းတဲ့အနေထားကြောင့် မိမိအချစ်ကိုမြိုသိပ်ပြီး နာကျင်နေရသူ ဟန်ဆုရီ ခနတာမြင်မိတဲ့ လွဲမှားတဲ့အမြင်တခုကြောင့် ဖြစ်ပေါ်လာတဲ့ရင်ခုန်သံကို မေ့ထားကာမာနနဲ့ဆိုးရွားစွာဆက်ဆံတတ်သူ သူတို့နှစ်ယောက်ရဲ့ မလှပတဲ့တွေ့ဆုံမ...
