Part 2

5.9K 184 6
                                    

ဒီလိုနဲ့ နန်းတစ်ယောက်လည်း နေ့ရက်တိုင်းပုံမှန်အတိုင်းပဲ ဖြတ်သန်းလာပြီး တစ်ရက်မှာတော့
" မောင်လေးရေ ဖေဖေ့ကိုမနက်ကတည်းကမတွေ့ပါလား ဖေဖေတို့များကိုယ့်သမီးရုံးပိတ်ရက်လေးကို အိမ်မှာမနေပဲဘယ်တွေသွားနေလဲမသိဘူး"
" မမရယ် ဒီနေ့လပြည့်နေ့လေ အဲ့တာကြောင့် ဖေဖေကလမ်းထိပ်ဓမ္မာရုံမှာ ဥပုသ်စောင့်တရားသွားနာနေတာဗျ"
" အော် ဟုတ်သား လပြည့်နေ့ကိုမေ့သွားလို့ရယ်ဟီးး"
" မမကတော့ လုပ်ပြီနော်" ဆိုပြီးမောင်နှမနှစ်ယောက်ချက်ပြုတ်ပြီး စနာက်ပျော်ပါးနေကြသည်။ မောင်လေးက ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားဖြစ်သည် တခါတလေအပေါင်းသင်းတွေနဲ့သောက်စားတာမျိုးရှိပေမယ့် အလွန်အကျွံတော့မရှိပေ ဟိုတခါမူးတာ ပထမဆုံးဖြစ်သည် အဲ့တာတောင် နောက်နေ့ကျ နန်းက အဲ့လိုနေရာမျိုးလာခေါ်ရတာသူ့ကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်နေသေးလို့ ချော့ရပါသေးသည်။ ထိုချိန်
" နန်းရေ နန်းရေ "
" ရှင့် ဒေါ်ကြီး ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လို့တုန်း"
" နင့်အဖေ ဓမ္မာရုံကအပြန် ကားတိုက်ခံရလို့ ခုရပ်ကွက်တည်းကသူတွေဆေးရုံသွားပို့ကြတယ် နင်တို့ကိုငါလာအကြောင်းကြားတာ"
" ရှင် ဖေဖေ ကားတိုက်လို့ဟုတ်လား ဟင် ဖေဖေ ဖေဖေ မောင်လေး ဖေဖေကားတိုက်လို့တဲ့ ဘာမှ ဘာမှမဖြစ်ဘူးမလားဟင်"
" မမ မမ စိတ်အေးအေးခနထားနော် ဖေဖေဘာမှမဖြစ်နိုင်လောက်ပါဘူး ခုဆေးရုံသွားကြမယ်နော် စိတ်ကိုငြိမ်ငြိမ်ထားနော်"ဒီလိုနဲ့ နန်းတို့ဆေးရုံကိုထွက်လာကြပြီး ဖေဖေ့ကိုကုသပေးတဲ့ ဆရာဝန်နဲ့တွေ့တဲ့အခါ
" ဒေါက်တာ ဖေဖေ ဘာမှမဖြစ်ဘူးမလားဟင် "
" လူနာရဲ့ သားနဲ့သမီးထင်တယ် လူနာကအသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူးခင်ဗျာ ဒါပေမယ့် ပြောရမှာတော့ စိတ်မကောင်းဘူးဗျ အောက်ပိုင်းကိုထိသွားလို့ လမ်းတော့လျှောက်လို့မရတော့ဘူးခင်ဗျာ"
" ရှင် ဒေါက်တာရယ် ပြန်မကောင်းနိုင်တော့ဘူးလား ဖေဖေ့ကို ကုပေးပါဒေါက်တာရယ် "
" ဆေးရုံကြီးတွေမှာ သေချာဆေးစစ်ကုသမှုခံယူပြီး လူနာကိုယ်တိုင်ကစိတ်အားနဲ့ သေချာလေ့ကျင့်မယ်ဆိုရင်တောင် ပြန်ကောင်းလာနိုင်ပါတယ်ခင်ဗျာ "
" ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်တော့်တို့ကိုရှင်းပြပေးလို့ရော ဖေဖေ့ကိုသေချာကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
" ရပါတယ်ဗျာ"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now