Part 16

4.2K 128 7
                                    

ဒီနေ့ ဟန် တို့အိမ်မှာ မိဘတွေဆုံပြီးလက်ထပ်ဖို့ဆွေးနွေးနေကြသည် ဟန့် အတွက်ကတော့ ထိုလူ့မျက်နှာမြင်နေရတာကိုက ကျက်သရေမရှိတော့ပါဘူး သတ်ပစ်ချင်လောက်အောင်ရွံမုန်းမိသည်

" ကဲ ဒါဆို နောက်လ ၁၆ ရက်နေ့ကိုပဲက်သတ်မှတ်လိုက်ကြတာပေါ့ဗျာ သမီးရောအဆင်ပြေရဲ့လား အဲ့နေ့"

" ပြေပါတယ် ဒယ်ဒီ "

သူတို့အားလုံးကတော့ စကားတွေဖောင်ဖွဲ့ပြီးပျော်ရွင်နေကြပေမယ့် ကျမရင်ထဲမှာတော့ ပူလောင်ပြီးအရှင်လတ်လတ် ငရဲကျနေသလိုပါပဲ ခုချိန်ဆို နန်း ရောဘာတွေလုပ်နေမလဲ အဆင်ပြေပါ့မလား နန်း ကိုပြေးတွေ့ချင်စိတ်ကိုမနည်းချိုးနှိမ်ထားရသည် သူတို့အားလုံးပြန်သွားတော့မှ မာမီက ကျမအခန်းထဲဝင်လာပြီ

" သမီးလေး နောက်လဆို မာမီ့သမီးလေး လက်ထပ်ရတော့မှာနော် လက်ထပ်ဖို့အတွက်ရော သမီးလေးပျော်ရဲ့လားဟင် သမီးမျက်နှာလေးသိပ်မလန်းလို့"

" ပျော်ပါတယ် မာမီရယ် သမီးနည်းနည်းနေလို့မကောင်းချင်လို့ပါ "

" ဟုတ်လား ဒါဆိုအေးဆေးနားလိုက်အုန်းလေနော် သမီးလေး"

" အာ ရတယ် မာမီ သမီးအလုပ်ကိစ္စလေးတစ်ခုချိန်းထားတာသွားရမှာမို့လို့ "

" နေမကောင်းဘူးဆို သမီးရယ် ဖျက်လိုက်ပါလား "

" မရလို့ပါ မာမီရယ် သမီးအဆင်ပြေပါတယ်ခနပါပဲနော် သွားပြီနော်မာမီ"

" အင်းအင်း ဂရုစိုက်သွားအုန်းနော်"

" ဟုတ်ကဲ့မာမီ"
____
" ဟာမမ ဘာလို့အဝတ်တွေလျှော်နေတာလဲဗျာ ကျွန်တော်ပြန်လာရင်လျှော်ပါမယ်ဆို အေးဆေးနားမနေဘူး"

" မမ ထမိန်တွေလေ မောင်လေးဘုန်းနိမ့်မှာစိုးလို့ပါ"

" ဟာ ကိုယ့်အမအဝတ်စားတွေလျှော်ပေးတာ ကုသိုလ်တောင်ရပါသေးတယ်ဗျာ ဖယ်ဖယ် သွားနားနေတော့ ကျွန်တော့ဆင်လုပ်လိုက်မယ် ဖေဖေတို့ကလည်း မပြောဘူးဗျာ"

" ဟာာ ငါပြောပါတယ်ကွာ မင်းမမက ငါမသိတုန်းခိုးလျှော်တာကွ "

" ဟင်ဖေဖေကလည်း သမီးခိုးမလျှော်ပါဘူး ဒီမှာလျှော်နေတာကို"

မြေခခဲ့ရသော မာနတစ်စုံWhere stories live. Discover now