နောင်တမရှိသော မနက်ဖြန်
အခန်း ၁"တောင်းပန်ပါတယ် မလုပ်ပါနဲ့နော် အစ်ကို ဟင့်အင်း"
သူမတောင်းပန်နေသံကို ဂရုမစိုက်သည့်ပုံနှင့် ထိုယောက်ျားရဲ့ အနမ်းတွေက ရမ္မက်ဆန်လွန်းနေ၍ သူမကြောက်လွန်းလို့ နှုတ်ခမ်းသားလေးများတစ်ဆက်ဆက်တုန်နေရသည်အထိပင်
ဖြူဝင်းသောအသား တောင့်တင်းသောခန္ဓာကိုယ် နှင့် ခန့်ညားလွန်းသော မျက်နှာများကြောင့် ထိုယောက်ျားဟာ အလွန်ကြည့်ကောင်းသူတစ်ယောက်ဟု ဆိုနိုင်သော်လည်း လုပ်ရက်ကတော့ ရုပ်ရည်နှင့်တစ်ခြားစီပင်
သူမ ဝတ်ဆင်ထားတာ မြန်မာဝတ်စုံဖြစ်နေတာကြောင့်သူ့ပေါင်ပေါ်ရောက်နေရသည့် သူမပုံစံဟာ လူမြင်ကောင်းစရာ တစ်စက်မှ ရှိမနေတာကြောင့် မနေတက်ဖြစ်နေသော်လဲ သူမပြန်ဆင်းမရအောင် ခါးမှချုပ်ထားသော သန်မာလွန်းသည့် သူလက်တွေကြောင့် ရုန်းမရပဲ သူမကိုယ် သူမဘယ်လိုကာကွယ်ရမည်မှန်းမသိဖြစ်ရကာ အသနားခံတောင်းပန်ခြင်းသာ သူမတက်နိုင်သည်
"ခဏ ခဏလေးပါ ညီမကို ဒီလိုလုပ်နေတာ အစ်ကိုမကြိုက်တာ ညီမလုပ်မိလို့လား။ မကြိုက်တာလုပ်မိတယ်ဆို ညီမပြန်ပြင်ပါ့မယ်နော် ဆက် ဆက်မလုပ်ပါနဲ့ ညီမတောင်းပန်ပါတယ်နော်"
သူ့ရင်ဘက်ကို နောက်ဆုံးလက်ကျန်အားလေးနှင့်တွန်းလိုက်တာကြောင့် သူ့မျက်နှာ ခဏခွါသွားကာ သူမကိုရီဝေနေသော အကြည့်များနှင့်ကြည့်လာကာ လှိုက်မောနေသောအသံဖြင့်
"မကြိုက်တာလုပ်တာမဟုတ်ဘူး ကြိုက်သွားအောင်း မင်းပြုစားသွားတာ "
အချမ်းတက်နေသူလို တုန်ရင်နေသော သူမနှုတ်ခမ်းလေးကို လက်မနှင့် ပွတ်သက်လာတာကြောင့် သူမကြောက်ရွံ့ကာ ရှောင်ချင်ပေမဲ့ သူပိုဆိုးလာမှ သူမဒုက္ခရောက်နိုင်သည်မို့ ငြိမ်နေရကာ မျက်ဝန်းများကတော့မနည်းငြိမ်အောင်ထိန်းနေရသည်
"အဲ့နှုတ်ခမ်းလေးအရမ်းဆွဲဆောင်တယ် အားရပါးရ နမ်းချင်လောက်အောင်ကို ချစ်ဖို့ကောင်းတယ် အသံလေးကလဲ ချိုလွန်းလို့ စိတ်ကိုမြူဆွယ်နေသလိုပဲ။အဲ့ဒီနှုတ်ခမ်းကပဲ ပြုံးလိုက်ရင် မွှေးညင်းတွေထောင်ထလာရသလို ခံစားရတယ်။ မင်းမျက်လုံးတွေ ဘာအရောင်မှမပါပဲ ရိုးသားနေတယ် ဒါပေမဲ့ရိုးသားနေတဲ့မျက်လုံးတွေက ငါ့ကိုဖိတ်ခေါ်နေတာ အတိအကျ။ အဆိုးဆုံးမင်းအပြစ်က ဘာလဲသိလား"
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romantikဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ