အခန်း ၄
လေချွန်ပြီး မြူးကြွစွာဝင်လာသော သားဖြစ်သူကို ဧည့်ခန်းထဲမှထိုင်ကြည့်နေကာ
"တော်တော်ပျော်နေတဲ့ပုံပဲ ဗစ်တာ ဘယ်ကပြန်လာတာလဲခု"
သူ့အသံကြား၍ထင်သည် သူထိုင်နေရာဘက်သို့လှည့်ကြည့်လာကာ
"ဒယ်ဒီဘယ်ချိန်ကပြန်ရောက်နေတာလဲ။ ပြန်လာမယ်ဆိုလဲ သားကိုပြောပါလား "
"ဘာလဲ လာကြိုမလို့လား"
"လာကြိုရအောင် ဒယ်ဒီက ကလေးလား ကိုယ့်ကားနဲ့ကိုယ်သွားတာကို သားကဘယ်နားသွားကြိုရမှာလဲ"
သူ့ရှေ့တွင်ဝင်ထိုင်၍ ပြောနေသော ဗစ်တာ့ကို သဘောကျ၍ သူရယ်မိလိုက်တာကိုကြည့်ပြီး
"ဒယ်ဒီကခုထိ ချောနေတုန်းပဲနော် ငယ်ငယ်ကတော်တော် ချောမှာပဲ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးလား"
"ခုလဲ ဝိုင်းဝိုင်းလည်နေတာပဲလေ မင်းသတ္တိရှိရင် ဆော်ပြိုင်လိုက်ကြည့်မလား"
သူပြန်ပြောတာကို သဘောတစ်ကျရယ်နေသော ဗစ်တာကပဲ ခေါင်းခါပြကာ
"ဒယ်ဒီ စွန်မှန်းသိပြီးသားပါ ဒါမဲ့ သားလဲ သားကိုယ်သား ယုံကြည်မှု့ရှိပြီးသားပဲ ။ ဒယ်ဒီနဲ့တော့မပြိုင်ချင်ဘူး ရှုံးမှာကြောက်လို့မဟုတ်ဘူးနော် ဘယ်ဆော်မှ စိတ်မဝင်စားတော့အောင် ကျွန်တော့်နှလုံးသားရဲ့ ဘုရင်မက ရှိနေပြီးသားမို့ ။ ဒယ်ဒီက ဒါတွေဘယ်သိမလဲ ဒီတစ်ခါတော့ သားကသာသွားပြီ ဟား ဟား ဟား"
"ဘာလဲ မင်းမမဆိုတာလား မမတွေကိုကြိုက်ရင် နွားဖြစ်တာလဲ မမေ့နဲ့ဦး"
"ဖြစ်ပါစေ နှဖားကြိုးအထိုးခံနေတာတောင် ဟိုကကြိုးပျောက်နေလို့ ဖက်လက်ဖက်လက်ဖြစ်နေရတာ ။ သူ့အချစ်ကိုရဖို့ဆို နွားမကလို့ နွားလားဥသဖ ဖြစ်ချင်လဲဖြစ်ပစေ"
တော်တော်ရူးတဲ့ကောင်လို့ထောမနာပြုတာတောင်မှ နန္ဒစိုင်းရဲ့ အချစ်ရူးလေးပါပဲကို ထအော်ဆိုနေသေးသည်
"မင်းကို မကြိုက်တာလဲမပြောနဲ့လေ ခုဘယ်ချိန်ရှိပြီလဲ မနက်၄နာရီရှိနေပြီ ခုထိအပြင်မှာအလေလိုက်နေမှတော့ ဟိုကမပြောနဲ့ ငါဆိုလဲ မစဉ်စားဘူး"
![](https://img.wattpad.com/cover/371801349-288-k376388.jpg)
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Roman d'amourဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ