အခန်း ၂
"အို ဘွားတို့ကလဲ ဒီဘက်ခေတ်မိန်းကလေးတွေ ညသန်းခေါင်ကျော်အိမ်ပြန်တာ ဘာဆန်းလို့လဲ အဘွားကိုက ပိုကိုပိုလွန်းတယ် ။ ခု ယုဝေက ဘာဖြစ်လာလို့လဲ"
မနက်၁၀နာရီမှနိုးပြီး မနက်စာ ထစားဖို့သတိရသော ယုဝေနှင့် မေမေတို့ ထမင်းစားခန်းမှ ပြောဆိုနေကြသံများကို သူမအခန်းထဲမှ အတိုင်းသားကြားနေရသည်။ ယုဝေနှင့် စကားပြောချင်လို့ သူမ ဆိုင်မသွားပဲ တစ်ရက်အနားယူနေတာကြောင့် ယုဝေတစ်ခွန်းမခံ ပြန်အော်နေတာကို အံ့သြပြီးရင်း အံ့သြနေရကာ သူမလေးဘယ်ချိန်ထဲက ခုလိုဖြစ်နေရတာလဲဆိုတာ သူမကိုယ်တိုင်မသိပေ ။ သိစရာအကြောင်းမရှိခြင်းဟာလဲ အဆန်းတော့မဟုတ်ပါ ။မနက် ၄နာရီထဲကနိုးပြီး ဘုရားဝေယာဝိစ္စများလုပ်ကာ ဘုရားရှိခိုးအမျှဝေပြီးတာနှင့် ရှိသမျှအိမ်အလုပ်များကို သူမလုပ်သွားပြီး ၈နာရီမထိုးခင် ဆိုင်ဖွင့်ရန်ထွက်သွားမြဲမို့ ယုဝေဘယ်ချိန်ထလဲဆိုတာ သူမ မသိပေ။ ဆိုင်ပိတ်၍ ပြန်လာလျှင်လဲ ၇နာရီထိုးနေပြီဖြစ်တာကြောင့် သူမလုပ်စရာရှိသည်များ လုပ်ကာ ဘုရားရှိခိုး အိပ်ယာစောစောဝင်တက်တာကြောင့် အမေနဲ့တောင် တစ်ခါတစ်လေ စကားမပြောဖြစ် မေမေကသာပြောစရာရှိလျှင် သူမစီလာ၍ပြောတက်တာမို့သာ မဟုတ်ရင်မေမေကိုပါ မမြင်တာကြာနေရမည်ဖြစ်သည်။
"ဗိုင်းကောင်းကျောက်ဖိနေပြပြီး နောက်ကွယ်ကျမှ ကမြင်းနေတဲ့ မိန်းမတွေမှ အများကြီး ဘွားလဲ ခုထိဘုရားမှတ်ပြီးကိုးကွယ်နေတုန်းပဲနော်။ ယုဝေက အဖေတူသမီး ဟုတ်တယ် အဲ့တော့ ပေါ်တင်ကမြင်းတယ် ဘာဖြစ်လဲ ဘယ်သူ့ဂရုစိုက်ရမှာလဲ"
အသက် ၁၈နှစ်ခုမှပြည့်စရှိသေးသော ကလေးမတစ်ယောက်ရဲ့ ကြမ်းတမ်းသော စကားတွေက အဖွားအရင်းခေါက်ခေါက်ကို ပြောနေတာဖြစ်တာကြောင့် သူမနားမခံသာဖြစ်လာရကာ အောက်ထပ်သို့ ဆင်းလာမိသည်နှင့် မေမေ့၏ အသံကိုကြားလိုက်ရသည်။
"ယုဝေ နင်တော်တော်မိုက်ရိုင်းနေပြီနော် တော်သင့်နေပြီ"
မေမေပြောနေတာတိုးတိုးသဲ့သဲ့ပါပဲ ဒါကိုယုဝေက ဒေါသထွက်ပြသည့် အနေနှင့် စားနေသောပန်းကန်ကို တွန်းချပစ်လိုက်ကာ ထရပ်ပြီး
"အဲ့ဒါဆို အစောထဲက ဘာလို့လာပြောနေသေးလဲ ဘွားစပြောလို့ သမီးပြန်ရိုင်းတာပေါ့ အေးအေးဆေးဆေးကိုမနေနိုင်ဘူး မိုးလင်းတာနဲ့ ဆုံးမရတာနဲ့ သြောဝါဒခြွေရတာနဲ့ သိပ်ဆုံးမချင်ရင် ကိုယ့်သမီးကိုယ် သွားဆုံးမ ။ဘွားဆုံးမတော်လို့ ဘွားသမီး အပျက်မ ဖြစ်ရတာတောင် အမှတ်မရှိသေးဘူး"
![](https://img.wattpad.com/cover/371801349-288-k376388.jpg)
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romanceဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ