အခန်း ၁၁
နေသိပ်မကောင်းသည့်အတွက် သူအိပ်ယာထသည့်အချိန်ပင် ၁၀နာရီထိုးနေပြီဖြစ်သည်။ မနေ့က ကားထဲအချိန်ကြာမြင့်စွာ နေခဲ့မှု့ရော မိုးသည်းခြင်းကြောင့်ပါ တစ်ကိုယ်လုံးကိုက်ခဲ နေရသည်
ဗိုက်နည်းနည်းဆာနေသည့်အတွက် သူအောက်ထပ်ဆင်းရန် ကိုယ်လက်သန့်စင်တာတောင် လူကမလှုပ်ချင်
"အနံ့လေးကမွှေးနေတာပဲ မကဆန်ပြုတ်ပြုတ်တာတောင် မိုက်နေတာမျိုးနော် "
ထမင်းစားခန်းဝင်မလို့လုပ်ပြီးမှ ဗစ်တာ့အသံကြောင့် သူကိုယ်ရှိန်သတ်လိုက်ရကာ အခန်းတံခါးနားဝင်ရမလို မဝင်ရမလိုနှင့် ဒွိဟတွေဖြစ်နေရသလို ဆာနေသောဗိုက်ကလဲ ရနေသောအနံ့ကြောင့် ပိုသောင်းကျန်နေသလိုပင် မထူးစိတ်ပိုက်ကာ သူဝင်လိုက်သည်နှင့်
"ဒယ်ဒီနိုးပြီလား ညကများသွားတယ်ထင်တယ် ဒီမနက်မထနိုင်တွေတောင်ဖြစ်နေတယ်"
"မဟုတ်ပါဘူးကွာ နေမကောင်းချင်ဖြစ်နေလို့ပါ"
"ဒါဆိုအတော်ပဲ သားကဟိုနေ့က မြ ပုတ်ပေးတဲ့ဆန်ပြုတ်လေးကြိုက်လို့ ဒီနေ့အတင်းပူဆာပြီးပြုတ်ခိုင်းနေတာ မ လဲအလုပ်မရှိတော့ လာလုပ်ပေးတာ ဒယ်ဒီသောက်မလား"
ဆန်ပြုတ်မကြိုက်ပင်မဲ့ သောက်ချင်စိတ်ရှိနေသော်လဲ
"မင်းကောင်မလေးပြုတ်ပေးတာ မင်းပဲသောက်ပါကွာ ငါ့ဟာငါ ရှိတာစားလို့ရတယ်"
"ဘယ်ဟုတ်မလဲ ဒယ်ဒီနေမကောင်းချင်ဘူးဆို အစားမာမာတွေမစားသင့်ဘူး ဒီမှာလဲအဆင်သင့်ရှိနေတာပဲ တစ်ကူးတစ်ကကြီးလုပ်စရာမှမလိုတာ စားလိုက်ပါ မရေ ဒယ်ဒီ့စားဖို့ပြင်ပေးပါနော် မောင်ဆရာဝန်သွားပင့်လိုက်ဦးမယ် ပြန်လာမှမောင်စားမယ်နော် မလဲဘာမှမစားရသေးဘူးမှတ်လား ဒယ်ဒီနဲ့အတူစားပေးလိုက်နော် "
မီဖိုခန်းမှသူမကိုပါလှမ်းခိုင်းနေတာကြောင့်အားနာသွားရကာ
"မင်းကွာ ငါအဲ့လောက်ကြီးဖြစ်နေတာမဟုတ်ပါဘူး အိမ်မှာတစ်ခြားလူတွေရှိတာပဲ သူများကိုမခိုင်းပါနဲ့"
"ဒယ်ဒီကသာ သိပ်မဖြစ်ဘူးပြောနေတာ မျက်နှာကဖြူဖျော့နေတာပဲ ပြီးတော့ မကိုခိုင်းတယ်ဆိုတာလဲ ပြုစုပေးတာခံချင်လို့ အလုပ်သမားတွေအကုန်ဒီနေ့အနားပေးထားတယ် တန်းလျှားမှာအေးဆေးပြန်နေနေကြပြီ အိမ်ထဲမှာ ဘယ်သူ့မှကိုမရှိတာ အါ့ကြောင့်"

YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Lãng mạnဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ