အခန်း ၁၀
"ဟယ်လို ဒယ်ဒီ"
"......."
"ဟုတ်တယ် ဒယ်ဒီ သားမိန်းမခိုးပြေးသွားတာ"
"......"
"ပြန်လာမှာပါ ဒယ်ဒီစိတ်မပူနဲ့နော်"
"......."
"နောက်မှပြောမယ်ဒယ်ဒီ သားလောလောဆယ် ပြန်မလာချင်သေးလို့"
"......."
"ဒါပဲနော်"
သူဖုန်းချလိုက်ကာ သူမကို တစ်ချက်လိုက်ရှာမိတော့ အခန်းပြင်က ဝရံတာလေးမှာ ငေးမောနေလိုက်တာများ ဘာတွေစိတ်ဝင်စားစရာ တွေ့နေမှန်းကိုမသိပေ
"အချစ်လေး ဘာတွေစိတ်ဝင်စားနေတာလဲ"
သူမကိုသိုင်ဖက်လိုက်တာကြောင့် လန့်သွားကာ သူ့ကိုမော့ကြည့်လာ၍
"ဘာ ဘာမှမဟုတ်ပါဘူး ငှက်လေးတွေကိုကြည့်နေတာပါ"
"ချစ်လေးပြင်းနေပြီလား ကိုတို့ဒီမှာ တစ်လကျော်တောင်ရှိနေပြီဆိုတော့ အိမ်ပြန်ချင်နေပြီထင်တယ်"
သူမခေါင်းငြိမ့်ပြလာကာ အရောင်လေးတွေတောက်ပနေသော မျက်ဝန်းများနှင့် သူ့ကိုကြည့်နေကာ
"အိမ်ပြန်ရတော့မှာလား ကို"
"ပြန်ရမှာပေါ့ ဒါပေမဲ့ အကြာကြီးတော့မဟုတ်ဘူးလေ ကို ချစ်လေး မိဘတွေစီမှာပြန်အပ်ပေးမယ် ပြီးရင် ကိုယ်တို့လက်ထပ်မယ်နော် လက်ထပ်ပြီးရင်တော့ ကို့နောက်ကိုလိုက်ခဲ့နော်"
သူမလေးဘာမှအထွန့်တက်မနေပဲ မျက်ဝန်းလေးများ ရွှေ့သွားကာ စောစောကကြည့်နေသောနေရာလေးကိုပဲ ပြန်ကြည့်နေတာကြောင့် သူအသဲတွေယားလာကာ ဆံပင်ကြားကိုမျက်နှာတိုးဝှေ့၍ လည်တိုင်လေးကို မေ့မေ့မူးမူးလိုက်နမ်နေတာကြောင့်
"ကို တော်ပြီနော် အပြင်မှာ အဲ့လိုလုပ်တာမှူးရှက်တယ်ကို"
"အပြင်မှာဆိုပေမဲ့ ဒီတစ်ခြံလုံးမှာ ကိုယ်တို့ပဲရှိတာလေ မှူးက ဘယ်သူ့ကိုရှက်နေတာလဲ ချစ်ရဲ့"
သူမခေါင်းခါပြကာ လှည့်ကြည့်လာတော့မျက်ရည်လေးများဝိုင်နေတော့သည်
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romanceဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ