အခန်း ၉ 🔞
"ဟေ့ရောင် ကောင်းဆတ် နေဦးကွာ ဆေးလိပ်ကုန်သွားပြီ ဆင်းဝယ်မယ်"
"ခဏ ရှေ့နားမှာ မီးလင်းနေတယ် အဲ့မှာဆိုင်ရှိမယ်ထင်တယ်"
သူငယ်ချင်း ၃ယောက် ရောက်ချင်သည့်နေရာရောက် ကားမောင်းထွက်လာလိုက်တာ မှော်ဘီနားတောင်ရောက်လာကြသည် ဘယ်သွားမယ် မရည်ရွယ်ထားပေမဲ့ တောင်ငူသွားကြမည်ဟု တိုင်ပင်နေကြစဉ် သူထအော်တာနှင့် ကားရပ်ဖို့ နေရာလိုက်ရှာကြကာ ဆိုင်ရှေ့ရောက်သည်နှင့်
"ငါဆင်းမယ် မင်းတို့နေခဲ့ ပုလင်းလေးဘာလေးရှိရင်လဲ ဝယ်ခဲ့မယ်"
နောက်ခန်းမှာထိုင်နေသော သူပဲဆင်းလိုက်တာကြောင့် ဟိုနှစ်ကောင် နေခဲ့ကာ ဆိုင်ထဲဝင်လိုက်ပြီး ဆေးလိပ် ၃ဗူးဝယ်လိုက်ကာ မသေးမကြီးဆိုင်လေးမို့ လိုချင်သော ပုလင်းနာမည်ကိုပြောပြလိုက်တော့ ကံကောင်းစွာပဲရှိနေသည် အလုပ်သမားကောင်လေးက သူသွားယူပေးမယ်ဖြစ်ကြောင်းပြောလာတော့ ဘာရယ်မဟုတ် ဆိုင်ရှေ့က ခုံတွင် ဝင်ထိုင်၍ ဖုန်းကလိနေလိုက်ကာ
"ဦး သမီးဖုန်းခဏပြောမယ်နော်"
အသံချိုချိုလေးကြားလိုက်ရတော့နားထောင်ကောင်းတာနှင့် အသံပိုင်ရှင်ကို ဘာရယ်မဟုတ်သူမော့ကြည့်လိုက်မိကာ
"ချစ်စရာလေး"
သူ့အသံယောင်းရမ်း၍ ထွက်လာတော့သူမကလှည့်ကြည့်လာကာ သူပြုံးပြတော့ ပြန်လှည့်သွားသည် ဒီလောက်ဆိုသူ့မျက်နှာက ချစ်ခင်ဖွယ်ကောင်းနေပြီထင်သည်
ဆိုင်ရှင်လူကြီးက ရကြောင်းပြောသည်နှင့် သူမပြုံးပြကာ ဖုန်းနံပါတ်ကို လက်ချောင်းဖြူဖြူလေးတွေနှင့်နှိပ်နေတာကို မျက်တောင်မခတ်ပဲသူကြည့်နေလိုက်ကာ
"အန်တီ သမီးမှူးပါ မိုးအရမ်းချုပ်နေလို့ အားနာပေမဲ့ မေမေ့ကိုခဏလောက်ခေါ်ပေးပါနော် သမီးအရေးကြီးလို့ပါ"
"......"
"ဟုတ် အန်တီ သမီးစောင့်နေပါ့မယ်"
ရုပ်လေးကချစ်ဖို့ကောင်းနေသလို အပြောအဆိုလေးကလဲတော်တော်နူးညံ့သိမ်မွေ့နေတာကြောင့် သူမကိုကြည့်နေမိပေမဲ့ မိန်းကလေးတစ်ယောက်ကိုအဲ့လောက်မကြည့်သင့်မှန်း အသိစိတ်ဝင်လာတာကြောင့် ဖုန်းဆက်ပွတ်နေရင်း သူမဘာတွေပြောမလဲသာနားထောင်ချင်နေလို့ငြိမ်နေလိုက်မိကာစပ်စုမိနေသည်
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romanceဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ