part-23

345 11 1
                                    

အခန်း ၂၃

"ချစ်လေးပြီးပြီလား ကိုဝင်လာမယ်နော်"

"ဟယ် မဝင်နဲ့လေ သတိုးသမီးကို သတိုးသားကမကြည့်ရပါဘူးနော် ခန်းမမှာ သွားစောင့်နေပါ အချိန်တန်ရင် သတိုးသမီး ထွက်လာလိမ့်မယ် မလာနဲ့နော်"

မိတ်ကပ်ပြင်ပေးနေသော ဆရာမအသံကြားတော့ သူမှာ ဝင်ချင်စိတ်က ထိန်းမရပေ ဝင်မယ်ကွာ ဘာဖြစ်လဲဟုတွေးပြီး တံခါးဖွင့်လိုက်သည်နှင့်

"ဟားဟားဟား အဲ့လိုလုပ်မှာသိနေလို့ လော့ခ်ချထားတာပါရှင့် ခန်းမထဲရောက်မှ သတိုးသမီးတက်လာရင် ကြည့်ပေါ့ရှင် ခုတော့ ရင်ခုန်စွာ စောင့်လိုက်ပါဦးရှင်"

ဟိုတယ်မှာပဲ သူမကိုအလှပြင်ပေးနေတာကြောင့် ဖွင့်ဖို့ရန် အခန်းသော့ကလဲ မရှိပေ ဝန်ထမ်းများကို မာစတာကီးတောင်းဖို့ စဉ်စားပေမဲ့ မထူးစိတ်ပိုက်ကာ ခန်းမထဲမှာသာစောင့်ဆိုင်းနေလိုက်တော့သည်

ဆင်မြင့်ပေါ်မှ သတိုးသားတက်ဖို့ ကြေငြာသံကြားသည်နှင့် သူနှင့်ဗစ်တာ လျှောက်လမ်းအတိုင်း တက်သွားခဲ့သလို သတိုးသမီး စင်မြင့်ပေါ်တက်လာဖို့ ဖိတ်ကြားလိုက်တာကြောင့် သူစိတ်လှုပ်ရှာစွာ စောင့်ဆိုင်းနေစဉ်

ရှေ့ဦးစွာ ring boy လေး လှုပ်စိလှုပ်စိတက်လာသည်နှင့် မြန်မြန်လာပါဟလို့ စိတ်ထဲပြောနေမိကာ ဒီချိန်မှ ကလေးက လေ့ကျင့်ထားသလို စည်းချက်ညီညီ လျှောက်နေတာကိုပင် သူစိတ်မရှည်ချင်

Flower girls လေးနှစ်ယောက်လဲ ထိုကဲ့သို့ပင် သူမှာတွေ့ချင် နေပါပြီဆိုမှ မတွေ့ရတာကြောင့် နေလို့ကိုမရချင်တော့ စန္ဒယားတီးနေသူကိုလဲ အသဲတွေယားကာ မြန်မြန်တီးဟု ပြေးပြောပြီး ကလေးတွေကိုလဲ မြန်မြန်လျှောက်ဟု ပြေးသာ ဆွဲလိုက်ချင်တော့သည်

Bridesmaid တက်လာတော့လဲ မထူးမခြားပင် ဗစ်တာနှင့်လိုက်ဖက်အောင် ဝဏညီမတစ်ဝမ်းကွဲလေးကို bridesmaids လုပ်ခိုင်းခဲ့သည်မို့ ကောင်မလေးကချစ်စရာကောင်းနေပေမဲ့ သူမကိုလဲ စိတ်မရှည်ပေ

သတိုးသမီးတက်လာဖို့ကြေငြာလိုက်သည်နှင့် ဧည်သည်အားလုံးမတ်တပ်ရပ်လိုက်ကာ သတိုးသမီးလေး ဘယ်လိုနေမလဲ ဝိုင်ကြည့်ကာ စိတ်ဝင်စားကြ၍ လှည်ပင်းတွေရှည်ထွက်မတက်ပင်

No.2 နောင်တမရှိသောမနက်ဖြန်  Where stories live. Discover now