အခန်း ၂၀
ညီမလေးတို့ ထွက်သွားသည်နှင့် ကိုလင်းကလဲ သူ့စားသောက်ဆိုင်လေးသို့ သွားတော့မည်ဟုနှုတ်ဆက်ထွက်ခွါသွားပြန်တော့ အလုပ်မရှိသည့်သူ့မှာသာ ခြံထဲဆင်းပြီ ဦးလေးကို ဝိုင်ကူညီကာ အမှိုက်လှဲနေလိုက်သည် ။ခြံထောင့်တစ်နေရာရောက်တော့ ထူးဆန်းနေသည့်ခြံစည်းရိုးကို သူကြည့်မိကာ တစ်ခြားနေရာတွေနှင့်မတူပဲ အနည်းငယ်ပုံမကျသည့်သစ်ပင်များကို ဖယ်ကြည့်မိမှ လူတစ်ကိုယ်အေးဆေးဝင်လို့ရသော အပေါက်ကို သူသွားတွေ့မိကာ ဟိုဘက်ခြံနှင့် ဒီဘက်ခြံ ကူးဖို့ဖောက်ထားတာလား အရင်ထဲကအပေါက်ရှိနေတာလား စဉ်စားရင်း အဖြေထွက်လာသည်ကတော့ ခြံစည်းရိုးအဟောင်းဖြစ်နေပေမဲ့ ဤအပေါက်ဟာ ဖောက်ထားတာမကြာသေးသလို အဝင်အထွက်လဲလုပ်ထားတာကြောင့် ရည်ရွယ်ချက်နှင့် ဖောက်ထားခြင်းဖြစ်ပြီ အိမ်ရှေ့က အလွယ်တကူဝင်ထွက်လို့ရရဲ့သားနှင့် အပေါက်လုပ်ထားသည်ဆိုလျှင် ဒါဟာညဘက်တွေ ဝင်ဖို့ဖြစ်တယ်ဆိုတာပါ အဖြေထွက်လာသည်။ မည်သူ့လက်ချက်ဖြစ်နိုင်လဲဆိုသည်မှာပါတစ်ဆက်ထဲ တွေးမိတာကြောင့် ဒေါသတွေထွက်လာရကာ ပြန်လာရင်တွေ့ပြီဟု သူကြိမ်းဝါမိကာ အိမ်ပေါ်ပြန်တက်ပြီး ရေချိုးအဝတ်အစားလဲ၍ ညီမလေးအခန်းကို ဝင်စစ်ဆေးမိကာ ထူးခြားသည့် အရာများတော့မတွေ့တာကြောင့် ဝရံတာဘက်ကို သူထွက်လာမိတော့သည်
ဤဝရံတာဟာလဲ သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးလိုက်သော ဝရံတာဖြစ်သည်။ ညီမလေးကို လမ်းပေါ်မကြည့်စေချင်တာရော လမ်းပေါ်က ကာလသားများမမြင်စေချင်တာရောကြောင့် ဘေးဘက်ကိုထုတ်ထားပြီး အရှေ့ဘက်ကို ကာထားခဲ့ခိုင်းတာ ခုသေချာကြည့်မှ ဟိုဘက်အိမ်က ဝရံတာကလဲ ထိုကဲ့သို့ပင် မျက်နှာချင်းဆိုင်ထားလေသည်။
သေချာပြီးရင်း သေချာနေသည်ကတော့ သူတို့ကချမ်းသာကြွယ်ဝကြပြီ ဒီလိုလမ်းက ဂျောင်အကျဆုံးနေရာမှာ အိမ်လာဆောက်တယ်ဆိုမှတော့ ကြိုတင်စီစဉ်မှု့တစ်ခုသာ ။ အဓိကတရားခံဟာ နေနိုင်ဆိုသူဖြစ်ပေမဲ့ ဟိုမောင်နှစ်မ နှစ်ယောက်လဲ အားပေးအားမြှောက်တွေဖြစ်ပေမည်။
ရှေရှေဝေးဝေးတွေစဉ်စားမနေတော့ပဲ လူမပုပင်မဲ့ စိတ်တိုတက်သည့် သူ့အကျင်ကြောင့် ရှိသည့်သူနှင့် အရင်ရှင်းဖို့ သူထွက်လာကာ သူတို့လုပ်သည့်အတိုင်း အိမ်ရှေ့က မသွားတော့ပဲ ထိုအပေါက်ကသွားမည်ဟု ဆုံးဖြတ်၍ ခြံကျော်လာခဲ့လိုက်သည်။

YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Lãng mạnဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ