part-24

1.1K 21 3
                                    

အခန်း ၂၄

ဇာတ်သိမ်း

"သမီးလေးရေ နားထောင်ကွယ် အန်ကယ်သချင်းဆိုမယ်
သမီးလေးရေ နားထောင်တော့ အန်ကယ်သချင်းဆိုချော့"

ဗစ်တာတစ်ယောက် သမီးလေး ဒီဘိုးရာကို သိပ်ဖို့ကြိုးစားကာ သီချင်းတွေဆိုပြနေခြင်းကို သမီးလေးက မအိပ်ပဲ ဗစ်တာ့မျက်နှာကိုလိုက်ကိုင်နေတာကြောင့် ဗစ်တာသဘောတွေကျနေကာ

"ဘာလဲ မီးလေးကအိပ်ဘူးလား ဦးဦး မောနေပြီကွာ ဦးဦးမျက်နှာမှာ ဘာရှိလို့ အဲ့လောက်စိတ်ဝင်စားနေတာလဲ ကလေးလေးရဲ့ ကလိ ကလိ"

"ခိ ခိ ခိ"

ဒီဘိုရာလေးရဲ့ ဗိုက်ကို နှခေါင်း ချွန်ချွန်နဲ့ နမ်းပြီး မွှေလိုက်တာကြောင့် ယားသွားလို့ ထရီနေတာကို ဗစ်တာသဘောကျလို့မဆုံးပင်

သမီးနို့စာနေမလားဆိုပြီ သူမလာခေါ်မလို့ပင် ဗစ်တာလက်ထဲပျော်နေတာကြောင့် အရှိန်ပျက်မည်ဆိုး၍ မခေါ်သေးပဲ ဒီတိုင်းကြည့်နေမိကာ

"သမီးလေက မေမေနဲ့ တစ်ပုံစံတည်းနော် မျက်လုံးလေး နှခေါင်းလေး ဒီနှုတ်ခမ်းလေး "

ဗစ်တာဆက်မပြောပဲ ငြိမ်သက်နေတာကြောင့် သူမစကားပြောတော့မလို့ပြင်လိုက်မိကာမှ

"ဦးက သမီးမေမေရဲ့ နှုတ်ခမ်းလေးကို အရမ်းစွဲလမ်းခဲ့ရတာ ဒါပေမဲ့သမီးသိလား သမီးမေမေက ဦးကိုရက်စက်သွားတယ်လေ သမီးကတော့ မရက်စက်ရဘူးနော် ဦးဦးကို မေမေတို့ ဖေဖေတို့ထက်ပိုချစ် ကြီးလာရင်ယောက်ျားမယူနဲ့ ဦးဦးလဲ မိန်းမ မယူဘူး သမီးလေးကို တစ်သက်လုံးစောင့်ရှောက်ပေးမယ်နော် သိလား "

ဗစ်တာ့စကားတွေကြောင့် သူမလှည့်ပြန်လာရကာ ရင်ထဲမှာလဲ အားနာစိတ်တွေပြည့်သိပ်နေရသည်

ဗစ်တာသူမအပေါ်ဘယ်လောက်ချစ်ခဲ့လဲသူမ မသိပဲနေမလား။ အရာရာကိုသိတက်နားလည်လွန်းတဲ့ ဗစ်တာ့ကို မောင်လေးတစ်ယောက်လိုပဲ မြင်ခဲ့တာကြောင့် သူမ သူ့အပေါ်စိမ်ကားခြင်းတော့ မပြုနိုင်ခဲ့ပေ။

မိသားစုငတ်မွတ်နေသောကလေးတစ်ယောက်က သူမအပေါ် သူ့ချစ်သူလို့သတ်မှတ်ထားပြီး အစ်မလို အမေလိုလဲ ချစ်ရှာသော ဒီကောင်လေးကို ဘယ်သူကလက်လွတ်စံပယ် ဥပ္ပစ်ခါ ပြုနိုင်မှာလဲ။

No.2 နောင်တမရှိသောမနက်ဖြန်  Where stories live. Discover now