အခန်း ၁၃
သူတို့ပြောင်းလာနေမည်ပြောထားတာကြောင့် သူမအခန်းနှင့် ကိုနှင်းအခန်းကို သူတို့အားပေးကာ သူမကတော့ ဧည်သည်လာလျှင်တည်းဖို့စီစဉ်ထားသော ထောင့်ဘက်ခန်းကိုပြောင်းရွေ့သွားရှာသည်
"မ အဲ့အခန်းမှာအဆင်မပြေရင် မောင်နေလိုက်ပါ့မယ် မောင်တို့တွက် ဒုက္ခမခံနဲ့နော်"
"ရပါတယ် ခုနေမဲ့အခန်းက အစွန်ဆုံးဆိုတော့လဲ ပိုတိတ်ဆိတ်တာပေါ့ အေးအေးဆေးဆေးနေလို့ရတယ်လေ အခန်းလဲအရမ်းမကျဉ်ပါဘူး နေရတာအဆင်ပြေပါတယ်"
သူနှင့်မနီးဆက်ချင်လို့များတမင်ဂျောင်ကျသည့်အခန်းကို ရွေးတာလားဟု သူစဉ်စားမိပေမဲ့ လာချင်ရင်အနီးလေးဆိုတာသူမ မသိလေဘူးလား
သူမရဲ့အငွေ့အသက်တွေရှိနေသော သူမအခန်းကို ဗစ်တာကအလိုက်တသိ သူ့ကိုနေစေကာ ကိုနှင်းအခန်းမှာ ဗစ်တာသွားနေရှာသည်
"မှူး အဆင်ပြေရဲ့လား ဆေးခန်းသွားပြမလား"
သူမအခန်းဘက်ကိုသူသွားချောင်းစဉ် သူမလေးအန်နေတဲ့အသံကြားသည်နှင့် စဉ်စားမနေတော့ပဲ အခန်းထဲတန်းဝင်လာခဲ့လိုက်သည် ကံကောင်းသည်ပြောရမည်ပင် လော့မချထား၍ တံခါးကအလွယ်တကူဖွင့်၍ ရသွားသည်
"ဟင် ရတယ် ရတယ် ကျွန်မဘာမှမဖြစ်ဘူး မနက်ပိုင်ဆိုအဲ့လိုပဲ တစ်ခါတစ်ခါ ထဖြစ်တာ ကိစ္စမရှိဘူး"
Morning sick ဆိုတာ ကိုယ်ဝန်ဆောင်စာအုပ်တွေဖတ်ကြည့်ထားလို့ သူနားလည်ပါသည် စိုးရိမ်စရာမရှိဘူးဆိုတာသိပေမဲ့ ရင်သွေးဆိုသောအသိနှင့် ချစ်ရသူပင်ပန်းနေတာကို စိတ်မကောင်းမိ
"အစ်ကို ကျွန်မအဆင်ပြေပါတယ် အခန်းထဲကို ဒီလို ခဏခဏမဝင်ပါနဲ့နော် မသင့်တော်လို့ပါ တစ်ခြားလူမြင်သွားရင်လဲ မကောင်းဘူးလေ အဲ့ဒါကြောင့်ပါ"
"မင်းမှ နေမကောင်းတာ အားလုံးက ယုဝေကြောင့် အလုပ်တွေများနေကြတာ မင်းကိုသိပ်ဂရုမစိုက်နိုင်ကြဘူး မင်းလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး အစားပျက် အအိပ်ပျက်နဲ့ ယုဝေကိုလဲကြည့်ရ အိမ်အလုပ်လဲလုပ်ရနဲ့ ကြာရင် လဲသွားမယ်"
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romansaဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ