အခန်း ၁၅
သူတို့သားအဖ ဖြစ်ကြောင်း ကုန်စင် ဒေါ်သူဇာတို့ကိုပြောပြကာ တောင်းပန်ကြတော့ ဒေါ်သူဇာ စိတ်မဆိုးပေမဲ့ စိတ်မကောင်းဖြစ်ရကာ ယုဝေကိုခေါ်၍ ဆုံးဖြတ်ချက်ချခိုင်းခဲ့သည်
"ဖွားတို့က အရင်က မြေးကို မိဘမဲ့လေး ဆွေမျိုးဘယ်သူ ဘယ်ဝါမှန်းမသိခဲ့လို့ မြေးကို ဒီတိုင်း စောင့်ရှောက်ပေးခဲ့တာ မြေးအကြောင်းတွေကို ဖွင့်မပြောခဲ့ကြတာလဲ အန်တီက မြေးပိုဝမ်းနည်းမှာဆိုးလို့လေ ။ ခုမြေးစီမှာ မိသားစု အရင်းအချာတွေရှိလာပြီဆိုတော့ ဖွားအနေနဲ့ကတော့ မြေးအတွက်ဒီချိန်က မိသားစုနဲ့အချိန်ဖြုန်းသင့်ပြီးထင်တာပဲ
ဖွားကမြေးကိုမနေစေချင်လို့ ပြောတာလို့မြေးမထင်ပါနဲ့ ဘွားကသင့်တော်မယ် ထင်တဲ့ လမ်းကိုရွေးပေးတာပါ မြေးဆက်နေမယ်ဆိုရင်လဲ မြေးမိဘတွေရဲ့ အရိပ်မဲတွေကြောင့် ဒီအိမ်မှာ မြေးပျော်တော့မှာ မဟုတ်ဘူး အရင်ကအတိတ်တွေကြောင့် မြေးအားငယ်ပြီး သိမ်ငယ်နေလိမ့်မယ် ဒါကြောင့် ဖွားကတော့ မြေးကိုကိုတို့နဲ့လိုက်သွားစေချင်တယ်ကွယ်"
ဒေါ်သူဇာစကားတွေက သွယ်ဝိုက်သောနည်းများနှင့် သူတို့ကိုပါ အဆက်ဖျက်လိုက်တာကြောင့် သူ့ရင်တွေပူလာရကာ ဘာပြောလို့ပြောရမည်မှန်းလဲသိမနေပါ ယုဝေကို ပြောနေခြင်းကြောင့် ဝင်ပါ၍လဲ မသင့်တော် သူ့မှာစုတ်လဲဆူး စားလဲရူးဘဝကို ရောက်နေရတော့သည်
"မြေးနားလည်ပါပြီဖွား မြေးကိုကိုတို့နဲ့လိုက်သွားပါ့မယ် မြေးကို သွေးသားမတော်ဆက်တဲ့အပြင် မြေးတို့ကြောင့် သမီးကိုဆုံးရှုံးလိုက်တာတောင် စောင့်ရှောက်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်ဖွား။
ယုဝေအခုချိန်မှာကျေးဇူးမဆပ်နိုင်သေးပေမဲ့ တစ်ချိန်ချိန်မှာ ဒီမိသားစုရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ပါတယ်ဖွား မြေးပြန်လာတဲ့အချိန်ကျရင် ဖွားတို့မြေးကိုလက်ခံပေးပါနော်"
ယုဝေ ဒေါ်သူဇာရှေ့ ထိုင်၍လက်အုပ်လေးချီကာပြောနေတာကြောင့် ဒေါ်သူဇာ သူမခေါင်းလေးကို ကိုင်ကာ
"မလိုပါဘူးမြေးရယ် ကျေးဇူးဆပ်ချင်ရင် ကိုကိုတို့ ဦးဦးတို့နဲ့အတူတူနေတဲ့အခါ မြေးလိမ်လိမ်မာမာနေနော် ဘဝကိုအကောင်းဆုံးအသက်ရှင် မြေးရဲ့ကောင်းသတင်းကို ဖွားတို့ကြားရရင်ကျေးဇူးဆပ်ရာကျပါတယ်ကွယ်"
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romantizmဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ