အပိုင်း ၁၇
မနက် ၄နာရီဆို သူမနိုးနေကြမို့ မျက်လုံးများက အကျင့်ပါနေကာ အလိုလိုပွင့်လာရသည်နှင့် ပထမဦးဆုံး မြင်လိုက်ရသည်က သူ့မျက်နှာချောချောပင်။ သူမတို့ ပေါင်းသင်းခဲ့စဉ်ကာလတွေတုန်းကတောင် သူ့မျက်နှာကို သူမသေချာမကြည့်ရဲခဲ့တာကြောင့် ပထမဦးဆုံးအကြိမ် စေ့စေ့ကြည့်မိနေခြင်းဖြစ်သည်
"အိပ်နေတော့လဲ အပြစ်မရှိတဲ့ ကလေးလိုပဲနော် ချစ်ဖို့ကောင်းတယ် အမြဲအိပ်နေပါလား ဒီတိုင်းလေး ကျွန်မကြည့်လို့ရအောင်"
"ချစ်ဖို့ကောင်းရင် ချစ်လိုက်လေ မှူး"
"ဟင်"
သူမပြောတာတစ်ကယ့်ကိုတိုးတိုးလေးပါ သူ မအိပ်လို့သူခိုးလူမိဖြစ်သွားရတာကြောင့် သူမ ရှက်ရှက်နှင့် ရုန်းမိသွားရကာ
"ဖြေးဖြေး ကလေးထိသွားမယ် ကိုဘာမှမလုပ်ပါဘူး အရမ်းတွေရှက်မနေနဲ့ အဟွန်း"
သူ့ရဲ့ ရယ်သံကြောင့်သူမပိုရှက်လာရကာ
"ဖယ်ပါ မိုးလင်းနေပြီ ထတော့မယ်"
"ထတော့မလို့လား ကိုယ်လဲအဆင်သင့်ဖြစ်နေပြီ"
သူ့စကားက တစ်မျိုးဖြစ်နေတာကြောင့် သူမမျက်လုံးလေးများ ဝိုင်းစက်သွားရကာ
"ရှင် ဘာတွေပြောနေတာလဲ မနက်စောစောစီးစီး"
"ကိုဘာပြောလို့လဲ မှူးပဲ ထတော့မယ်ဆို ကိုယ်လဲအဆင်သင့်ဖြစ်ပြီလို့ ထကြရအောင်လို့ ဒီတိုင်းပဲရိုးရိုးပြောတာလေ မှူးဘာတွေးနေလို့လဲ"
ပြုံးစိစိနှင့် ပြောနေတာကြောင့် သူမ စွတ်ဆွဲရမလား ဒီတိုင်းပဲကျော်သွားရမလား ဇဝေဇဝါတွေဖြစ်လာရကာ
"ထမယ်ဆိုလဲဖယ်လေ"
"အင်း"
ဖယ်တော့ဖယ်လိုက်ပါတယ် ဘေးကနေသူမအပေါ်ကိုဖြစ်နေတာကြောင့် ယောင်ရမ်းပြီး ခေါင်းအုန်းအစွန်းလေးကို ကိုင်မိသွားသည်အထိပင်
"ရှင် ရှင်ဘာလုပ်မလို့လဲ ဘာလို့အဲ့လိုကြီး နေနေတာလဲ"
ဒီတစ်ခါသူဘာမှမပြောသေးပဲ သူမကိုရယ်ပြလာကာ သူမနား အနားကပ်၍
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romantizmဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ