အခန်း ၆
မနက် ၃နာရီထိုးကြီး သူ့ဖုန်းသံကြောင့် သူမပါလန့်နိုးသွားရကာ သူ့ရင်ခွင်မှ ရုန်းထလိုက်တာနှင့် ပြန်ဆွဲချ၍ နှဖူးလေးကိုနမ်းလိုက်ကာ ဖက်ထားပြီးဖုန်းကိုင်လိုက်တာကြောင့် တစ်ဖက်မှအသံကို သူမပါ ကြားနေရသည်
"အင်း ပြော"
"ဦး ဒီညလာမယ်ကတိပေးထားပြီး လာလဲမလာဘူး မီးကခုချိန်ထိစောင့်နေတာကို "
"အင်း ဟုတ်တယ် အလုပ်များသွားလို့ မလာနိုင်တာ စောရီး"
"မရဘူးကွာ ဦးကလဲ မီးကမျှော်နေတာကို လာခဲ့နော် အရမ်းလွမ်းနေတယ်သိလား"
သူ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ သူမနားမထောင်သင့်မှန်း သိတာကြောင့် သူမသူ့လက်တွေကိုအသာဖယ်လိုက်ကာ ပြန်ထဖို့ကြိုးစားတာကို သူအတင်းပြန်ဖက်ထားကာ အတင်းလိုက်နမ်းနေတာကြောင့် သူမရုန်းရင်း
"ဘယ်လိုဖြစ်နေတာလဲ ဖုန်းအေးဆေးပြောပါလား"
"မင်းကရော ဘာလို့ ထထပြေးနေတာလဲ မင်းကိုပြန်ပြန်ဖမ်းနေရတာနဲ့ ဘာပြောနေလဲတောင်မသိတော့ဘူး"
သူမကိုအတင်းချုပ်ထား၍ ဖုန်းပြန်ပြောချင်းကို စတင်လိုက်ကာ
"ဦး ခုဘယ်ကမိန်းမနဲ့ရှိနေတာလဲ သူ့ကြောင့်မီးကိုတောင် ပစ်ထားရအောင် တော်တော် အရေးကြီးနေလား"
သူမမျက်နှာကိုစေ့စေ့ကြည့်၍ ပြုံးပြလာကာ မျက်ခုံးပင့်ပြနေတာကြောင့် သူမမျက်နှာတစ်ဖက်လှည့်ပစ်လိုက်သည်နှင့် ပါးလေးကို ငုံ့နမ်းပြီး နားနားကပ်ကာ
"အရေးကြီးတယ် ဦးမိန်းမနဲ့ခုအိပ်နေတာ မီးကြောင့်စိတ်ကောက်သွားပြီထင်တယ် ဘယ်လိုလုပ်မလဲ ဦးချော့ရဦးမယ် ဒါကြောင့် ဖုန်းချလိုက်တော့မယ်နော် စောရီ"
"ဦး"
တစ်ဖက်မှအော်လိုက်တာကြောင့် သူမလန့်ပြီး နားပိတ်လိုက်ရသလို သူလဲဖုန်းကို နားနားမှခွာကာ မျက်နှာတစ်ချက်မဲ့သွား၍ ဖုန်းချလိုက်တာတောင် ဆက်တိုက်ခေါ်နေတာကြောင့် ဖုန်းပါပိတ်ပစ်လိုက်တော့မှပဲ နားအေးသွားရသည်။
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romanceဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ