အခန်း၂၂
"တွေ့လားချစ်လေး လူတွေက အချစ်နဲ့တွေ့ရင် ပြောင်းလဲသွားကြတာကြီးပဲ။ မင်းအစ်ကို လူပျိုကြီး မိန်းမတွေကို မသိချင်ယောင် ဘယ်လောက်ဆောင်ဆောင် ဖူးစားက စကားပြောလာရင် နေလို့ကို မရတော့တာ"
ယုဝေကို ကိုကြီးနှင့် ထားခဲ့ရတာ စိတ်မချလို့ သူမပြန်လာကြည့်စဉ် သူမထက် ဦးစွာရောက်နေသော သူ့ကြောင့် ဘာထူးခြားမှု့ ရှိနေလို့ အခန်းထဲ မဝင်ပဲ အပြင်မှာချောင်းနေတာလဲဟု သူမအနားကပ်ကြည့်မိမှ ကိုယ်တော်က အတွဲချောင်းနေသဖြင့် ဗိုက်ခေါက် ဆွဲလိမ်ကာ ပြန်ခေါ်လာရခြင်းဖြစ်သည်။
"မဆိုင်ပါဘူးနော် အနေနီးလို့ ကြိုက်တာလဲဖြစ်နိုင်တာပဲ ဘာအချစ်လဲ"
"အနေနီးလို့ ကြိုက်ကြကျေးဆို ဟိုမှာအဖြူမတွေရှိတာပဲ ပိုတောင်အနေနီးဦးမယ် လွတ်လပ်နေတာတောင် မင်းအစ်ကို စိတ်ဝင်စားခဲ့လို့လား"
ရှိချင်ရှိမှာပေါ့လို့ သူမမျက်စောင်းထိုး၍ ပြောလိုက်မိသည်နှင့် အသဲယားလာသည် ထင်သည် သူမပါးကိုပိတ်ကိုက်လိုက်တာကြောင့်
"အ နာလိုက်တာ ရှင်ဘယ်လိုဖြစ်နေတာလဲ ဘာလို့အားနေကျွန်မကိုကိုက်နေတာလဲ"
"မသိဘူးကွာ မင်းကိုအသဲယားလို့ ပိတ်ကိုက်ချင်တာ မင်းကို မြင်တိုင်း ခွေးစိတ်ပေါက်ပေါက်လာတယ် ဘယ်လိုလုပ်မလဲ "
သူကိုက်လိုက်လို့ နာနေတဲ့ ပါးလေးကိုပွတ်နေရင်း သူ့စကားကြောင့် စိတ်တိုလာရကာ
"အဲ့ဒါဆိုလဲ မမြင်ရအောင် မလာနဲ့ ။ မမြင်တော့ရင် အသဲမယားတော့ဘူး အသဲမယားရင်လဲ မကိုက်တော့ဘူး မကိုက်တော့ရင်လဲ ခွေးစိတ်မပေါက်တော့ဘူး ။ ရှင်ခွေးစိတ်မပေါက်ဖို့ ကျွန်မ အနစ်နာခံပေးမယ် သွားပြန်တော့ နောက်နေ့လဲမလာနဲ့"
"ကြည့် နှုတ်ခမ်းကချွန်နေတာပဲ ထက်ကိုက်လိုက်ရလို့ ငိုသွားဦးမယ် အသဲတွေယားလာပြီနော် ဆွာစိလန်နေတာပဲ"
တကယ်လုပ်တော့မဲ့ရုပ်ကြီးမို့ သူမလန့်ဖျန့်ကာ ထပြေးမည်အပြု
"ပြေးပါနဲ့ လုပ်ပါဘူးချစ်လေးကလဲ တစ်ရက်တစ်ခါ ကိုက်ပြီးသွေးသောက်လိုက်ရရင် အားပြည့်သွားပြီ မလုပ်တော့ဘူး ဟီးး"
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romanceဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ