အခန်း ၅
သူမဖျားနေ၍ ဆိုင်လဲမသွားနိုင် အိမ်အောက်လဲမဆင်းနိုင်တော့ပေ။ ဘဝတစ်ခုလုံး ဖျက်ဆီးခဲ့တဲ့လူက ကိုယ့်အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့ ဘယ်သူကခံနိုင်ရည်ရှိပါ့မလဲ ။ကြောက်ဖျားဖျားတယ်ပဲပြောရမလိုပင်
"သမီးလေး သက်သာရဲ့လား"
"ဟုတ်မေမေ ခုတော့နေရထိုင်ရကောင်းသွားပါပြီ အရမ်းစိတ်မပူနဲ့တော့နော်"
"စိတ်မပူပဲနေမလားသမီးရယ် မနေ့ကသမီးအစ်ကိုကြိုပြီးပြန်လာထဲက သမီးအိမ်ပေါ်တက်သွားတာ ပြန်ဆင်းမလာလို့ မေမေတက်ကြည့်မှ သတိလစ်နေမှန်းသိရတာ မေမေဘယ်လောက်စိတ်ပူသွားလဲ သမီးသိရဲ့လား"
သူမ သတိလစ်ရတဲ့အထိကြောက်ရတဲ့လူရှိနေတာကိုးဟုစိတ်ထဲကပဲပြောမိလိုက်ကာ
"ဟုတ်တယ်မေမေရယ် သွားတုန်းကထိအကောင်းပဲ ပြန်လာမှ ပင်ပန်းသလိုဖြစ်လာတော့ ခဏလှဲလိုက်တာ ဘယ်လိုဖြစ်သွားလဲမသိဘူး"
"ဆရာဝန်ပြောတာတော့ အားနည်းနေတယ်ပြောတာပဲ စိတ်ဖိစီးမှု့တွေလဲ ရှိနေတော့ ရောပြီးသတိလစ်တာလို့တော့ပြောတယ်"
"ဒါနဲ့မနေ့က သမီးအဲ့လိုဖြစ်တော့ မေမေတို့ဘယ်လိုလုပ်ကြလဲ"
သူမတကယ်သိချင်တာက တစ်ခြားတစ်ခုပါ
"မေမေက နေ့လည်စာစားဖို့သမီးကိုတက်ခေါ်တာ ဧည့်သည်လေးလဲရှိနေတော့ အိမ်ရှင်ကမစားရင်မကောင်းဘူးလေ အဲ့ဒါသမီးကိုတွေ့ပြီးဘာလုပ်ရမှန်းမသိဖြစ်ပြီးသမီးကိုကိုကို လှမ်းအော်တာနဲ့ သူတို့လဲတက်လာပြီး ကြည့်ကြတယ် တော်သေးတာပေါ့ ဧည့်သည်လေးရှိနေလို့ သူပဲသူ့သူငယ်ချင်းကို ဖုန်းဆက်လှမ်းခေါ်ပြီး အကုန်လုပ်ပေးသွားတာ "
"အားနာစရာမေမေရယ် ဧည့်သည်ကို"
"အားနာတာပေါ့ သူ့ခမျာ ထမင်းတောင်မစားပဲ ဂရုစိုက်ပေးရှာတယ် အစအဆုံးသေချာကူညီပြီးမှ စိတ်ချရတဲ့အခြေအနေရောက်မှ ပြန်သွားတာ ကျေးဇူးတင်းကြောင်းပြောဖြစ်အောင်ပြောနော်သမီး"
ဒါဆိုတစ်နေကုန်သူမအနားမှာရှိနေတာပေါ့
"သမီးလဲနားနားနေနေ အလုပ်လုပ်နော် ဒီအတောအတွင်း ဆိုင်မသွားပါနဲ့လား ကိုလင်းလဲရှိတာပဲ သူပဲကြည့်စီစဉ်ပါစေ သမီးနားနော်"
YOU ARE READING
No.2 နောင်တမရှိသောမနက်ဖြန်
Romansaဒါလေးက soonရဲ့ ဒုတိယမြောက်ficလေးပါ နောင်တမရှိသောမနက်ဖြန် ဆိုင်မွန် + မှူး အဆက်လိုက်တင်ပေးမှာပါ Completeပါ