part-21

319 9 0
                                    

အခန်း ၂၁

ဧည့်ခန်းမှာ ထိုင်ငိုနေသော မေမေ့ကိုသူဘယ်လိုမှမနှစ်သိမ့်ပေးနိုင်တာကြောင့် ဒီတိုင်းထိုင်နေမိကာ ဘာမှမဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိတာအကြိမ်ကြိမ်ပင်။ ဒေါက်တာပိုင်စိုး ရောက်လာပြီး ဆေးရုံတင်ဖို့ခေါ်သွားကြထဲက ယခုချိန်ထိဆို နှစ်နာရီတောင်ကျော်နေပြီဖြစ်သော်လဲ ဗစ်တာဘက်မှ ဘာအကြောင်းမှ မပြန်လာသေးတော့ သူ့ရင်ကိုမီးစနှင့် ထိုးနေသလို ခံစားရကာ လူကသာထိုင်နေရပြီး စိတ်တွေက သူမလေးစီမှာသာ

"ကိုနှင်းအောင် ကျွန်တော်တို့ ရောက်လာတာအနှောက်အယှက်ဖြစ်သွားလား"

အိမ်တံခါးမှ အသံကြား၍ မော့ကြည့်မှ မွေးနေ့ဖိတ်ထားတာကြောင့် ရောက်လာရသော မိတ်ဆွေနှစ်ဦးကို သူအမြန်ပင် ထိုင်ဖို့နေရာပြင်ဆင်ပေးလိုက်ကာ မေမေလဲ မျက်ရည်သုတ်၍ ဧည့်ခံခြင်းကို မြန်မြန်ဆန်ဆန်ပြုလုပ်ရှာသည်

"ကျွန်တော်တို့ရောက်လာတာ အချိန်အခါကောင်းတော့မဟုတ်ဘူးထင်တယ် ကိုနှင်း နောက်နေ့မှတွေ့ကြမလား"

"ရပါတယ်သားတို့ရယ် ရောက်လာမှတော့ အေးဆေးနေကြနော် "

မေမေအားနာစကားပြောပြီလွတ်လွတ်လပ်လပ်နေရအောင် ထွက်သွားပေးရှာမှ

"ဆောရီးပါဗျာ ဒီနေ့မှအိမ်မှာပြသနာတက်သွားလို့ ညီတို့ကိုဖိတ်ထားတာမေ့သွားတယ်"

"ဘာပြသနာတွေတက်လို့လဲ ကိုနှင်း ကျွန်တော်တို့ကိုပြောလို့ရလား ကူညီစရာရှိတာကူညီပေးလို့ရအောင်ပေါ့"

သူဘာမှ ပြောချင်စိတ်မရှိတော့တာကြောင့် ဒီတိုင်းထိုင်နေရကာ ဗစ်တာနှင့် ပိုင်စိုးပြန်ဝင်လာတာတွေ့လိုက်သည်နှင့် အခြေနေထူးလားမေးမြန်းချင်ကာ ရုတ်တရက် မက်တပ်ထရပ်မိပြီး မေးလဲမမေးရဲပေ

"ဗစ်တာ ပိုင်စိုး ဘယ်လိုဖြစ်ပြီးရောက်လာကြတာလဲ ဒီအိမ်နဲ့ကဘယ်လို"

"ကောင်းဆက်နဲ့ ဝဏ နေဦးအပေါ်မှာအရေးကြီးနေလို့ ပြီးမှပြောမယ် ခဏ"

ဒေါက်တာပိုင်စိုးနှင့် သူ့မိတ်ဆွေနှစ်ဦးက အသိများထင်သည် အပေါ်မှာဘာပြသနာတက်မှန်းသူမသိပေမဲ့ သူတို့တက်သွားတာကို ကြောင်ပြီးကြည့်နေစဉ် နေနိုင်က ညီမလေးကိုချီ၍ ပြေးဆင်းလာတာမြင်မှ သူ့အသိတွေ ဝင်လာကာ

No.2 နောင်တမရှိသောမနက်ဖြန်  Where stories live. Discover now