part-3

381 13 0
                                    

အခန်း ၃

"Victor victor”

"Yes papa , eating sugar , no papa”

"ခွေးကောင်လေး ကြောင်မရှိ ကြွက်ထနေတယ်ဟုတ်လား"

သူဖုန်းဆက်ပြီး ဘာပြောတော့မယ်ဆိုတာ သိနေတာကြောင့် သီချင်းဆိုပြနေသော သကောင့်သားကို သူဘယ်လိုလုပ်ရမှန်းမသိ

"ကဲ မနေ့က မင်းအကောင့်ထဲက သုံးလိုက်တဲ့ အမောင့်က ဘာတွက်လဲတော့ ဒယ်ဒီ့ကို ပြောပြသင့်တယ် မထင်ဘူးလား"

"Holy ရှစ်!!!  အမေးဇင်းပါ ဒယ်ဒီ အမေးဇင်း သားကိုဘယ်တုန်းက ပိုက်စံကိစ္စ မေးလားမြန်းလား လုပ်တက်သွားတာလဲ ဒယ်ဒီ ။ ဘာလဲငြိုငြင်တာလား မကြင်နာတာလား"

"ဟေ့ရောင် ဟေ့ရောင် အပိုတွေ ပြောမနေနဲ့ မင်းမနေ့က နည်းတယ်ထင်နေတာလား ။ အလုပ်ကိစ္စတွက် သုံးတယ်ဆိုရင်တော့ ရှိသမျှဘုရား အကုန်တစ်ထိုင်ထဲ ရှစ်ခိုးလိုက်မယ် ။လက်ဆောင်အနေနဲ့ အတွင်းနတ်အပြင်နတ်တွေရော evil devil စေတန်တွေပါ ကန်တော့ပွဲပေးလိုက်ဦးမယ် သားရီး"

"ဟား ဟား ဟား ဒယ်ဒီကတော့လေ မသိတာကိုမရှိဘူးနော် အါ့ကြောင့် အဖေဟာ အဖေပါလို့"

"အေ အမေ မဟုတ်ဘူး မင်းသိရင်ပြီးရော"

သိတယ် သိတယ်ဟု သူ့ကို စနေသော သားဖြစ်သူကို စိတ်လဲမဆိုးနိုင်တာကြောင့် သူရယ်မိလိုက်ကာ

"ဖွန်ကြောင်ဖို့ သုံးလိုက်တာလား အဲ့လောက်အမောင့်ထိ ဖြုန်းမယ်လို့တော့ ငါသိပ်မထင်ဘူး"

"အမှန်ပဲ ဖွန်ကြောင်ပြီး သုံးလိုက်တာ"

ထင်တော့ထင်ပေမဲ့ မိန်းကလေးတစ်ယောက်တွက် ဘာကြောင့်အဲ့လောက်အထိသုံးလိုက်ဖြုန်းလိုက်တာလဲဟု နားမလည်ချင်လာတာကြောင့်ပဲ

"မင်း ဆော်ကဘယ်သူမို့ အဲ့လောက်အမ်းလိုက်ရတာလဲ"

" နို နိုး နို ဒယ်ဒီ ဆော်မဟုတ်ဘူး ကျွန်တော်က တစ်ဖက်သက် ချစ်နေရတဲ့ ကျွန်တော့်ရဲ မမ"

မမဆိုတော့ သူ့ထက်အသက်ကြီးပြီး လည်လွန်းတဲ့မိန်းမများလား ဆိုပြီးတွေးနေမိပေမဲ့ ထက်ပြောလာသောစကားကြောင့် အားနာမိသလိုဖြစ်သွားရကာ

No.2 နောင်တမရှိသောမနက်ဖြန်  Where stories live. Discover now